Monday, May 25, 2020

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ Potable X-Ray machine နှင့် အလှူငွေများအားလှူဒါန်းခြင်း

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ စုပေါင်းလှူဒါန်းသည့် JLK Inspiration ကုမ္ပဏီမှထုတ်လုပ်သည့် ဝမ် ၃၄၀ သိန်း(မြန်မာကျပ် ၃၈၄ သိန်းခန့်) တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် အလှူငွေ ဝမ် ၃၇.၅၀ သိန်း (မြန်မာငွေ ၄၂.၂၇ သိန်းခန့်) တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးစိုးဟန် ဉီးဆောင်သည့် တာဝန်ရှိသူများမှ ၂၅-၅-၂၀၂၀ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သွားရောက် လှူဒါန်းခဲ့ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး-၂၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးမှ လက်ခံရယူခဲ့ပြီး အဆိုပါလှူဒါန်းမှုအတွက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန

0 comments:

Post a Comment