Tuesday, May 26, 2020

ယနေ့နံနက်ပိုင်း COVID-19 ထပ်တိုးလူနာမရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၀၃) ဦး ရောဂါကင်းစင်လာသူ(၁၂၃)ဦးအနက် ဆေးရုံဆင်းခွင့် (၁၁၂) ဦးအထိရှိလာ

၁။ (၂၅-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၃၇၅) ခု အား (၂၆-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၂၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၃) ဦး ရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၃) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၅-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၂၁) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၆၅၆) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၇၇) ခုကိုစစ်ဆေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment