Monday, May 25, 2020

COVID-19 ရောဂါနှင့်ပတ်သက်၍ Antibody စစ်ဆေးရာတွင် အသုံးပြုရန် အတွက် Bioscience Axceed 260 Immunoassay စက် ၂ လုံးနှင့် Reagents များပေးအပ်လှူဒါန်း

COVID-19ရောဂါနှင့်ပတ်သက်၍ Antibody စစ်ဆေးရာတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ Bioscience Axceed 260 Immunoassay စက် ၂ လုံးနှင့် လူဦးရေ ၁၀၀၀၀ စာအတွက် Reagents များကို ထူးကုမ္ပဏီများအုပ်စုက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးသို့ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ပြုလုပ်သည်။
ဦးစွာ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက လှူဒါန်းပစ္စည်းများ ပေးအပ်ရာ ဗိုလ်မှူးချုပ် မြင့်ဇော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment