၁။ 230kV သန်လျင်ပင်မဓာတ်အားခွဲရုံတွင် 230/33/11kV , (100)MVA , 3 Phase Transformer အမှတ်(၂)၏ 230kV D/S Clamp Bus Side ပြုပြင်ခြင်း၊Transformer အမှတ်(၁)၏ 33kV R Phase Bushing Clamp ပြုပြင်ခြင်း၊ 230kV ဒဂုံအရှေ့ဖီဒါ၏ R Phase CT Line Side လဲလှယ်ခြင်းလုပ်ငန်းများအား (၂၈.၆.၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ အရေးပေါ်လုပ်ငန်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
၂။ ထိုသို့အရေးပေါ်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း 230kV သန်လျင်ပင်မဓာတ်အားခွဲရုံနှင့်230kV ဒဂုံအရှေ့ GIS ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော သန်လျင် ၊ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တံတား၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက္ကံ၊ ဒဂုံမြောက်မြို့နယ်များ၏ နေရာအချို့တို့တွင် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က အများပြည်သူထံသို့ လေးစားစွ ာအသိပေး ပန်ကြားထားသည်။
Source - ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
0 comments:
Post a Comment