ဗိုလ်ချုပ်ပုံဖြင့်အသစ်ထုတ်ဝေမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းစစ် ဝတ်စစ်စားနှင့်ရုပ်ပုံများကို အသုံးပြုရန် အစီအစဉ်မရှိဘဲ အသစ်ထုတ်ဝေသည့် ကျပ် ၁ဝဝဝ တန်ငွေစက္ကူပါ အရပ်ဝတ်နှင့် ရုပ်ပုံကိုသာအသုံးပြုသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။
”အခုထုတ်ထားတဲ့ပုံစံအတိုင်းပဲ ထုတ်သွားမှာပါ။ ဓာတ်ပုံကို ဒီပုံကိုပဲ ထုတ်သွားမှာပါ။ ငါးရာတန်နဲ့ တထောင်တန် ထုတ်တဲ့ပုံအတိုင်းပဲ ထုတ်သွားမှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။
”ငွေစက္ကူထုတ်တယ်ဆိုတာလည်း သင့်လျော်တဲ့ Design နဲ့ သင့်လျော်တဲ့ ဓာတ်ပုံ ဒီလိုရွေးပြီးထုတ်တာလေ။ ဘာကြောင့် ဒါသုံးလဲဆိုတဲ့ဟာမျိုးကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံဆိုပြီး ထုတ်တဲ့နေရာမှာ ဒီပုံကတော့ သင့်တော်တယ်ဆိုပြီး ရွေးပြီးထုတ်တာပဲရှိတာလေ။ အဲဒါက ရည်ရွယ်ချက်နဲ့ ဘာကြောင့်မထုတ်တာမျိုးမှ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။
လက်ရှိသုံးစွဲနေသည့်ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း နေပြည် တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန် ၁၅ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက ပြေကြားခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက် ထုတ်ဝေသည့်ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တထောင်တန်ငွေစက္ကူကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပထမဆုံးအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငါးရာကျပ်တန်ငွေစက္ကူကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။
”အားလုံးထုတ်မယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက် series ကတော့ ဥပမာငါးထောင်တန်ဖြစ်ရင် ဖြစ်မယ်။ တသောင်းတန်ဖြစ်ရင်ဖြစ်မယ်ပေါ့။ အဲဒီလိုတော့ လောလောဆယ်ပြောလို့မရသေးဘူး”ဟု ဆက်လက်ထုတ်ဝေမည့် ငွေစက္ကူများနှင့်ပတ်သက်၍ ဦးစိုးမင်းက ပြောသည်။
လက်ရှိထုတ်ဝေနေသည့်ငွေစက္ကူများမှာ Denomination နှင့် ပုံစံအပေါ်မူတည်ပြီး ငွေစက္ကူအမျိုးအစား ၁၄ မျိုး ခန့်ရှိကြောင်း သိရသည်။
crd-newswatch #Myanmar_Online_News
>>zawgyi<<
အသစ်ထုတ်ဝေမည့်ငွေစက္ကူများ၌ ကျပ် ၁ဝဝဝ တန်ငွေစက္ကူပါ ဗိုလ်ချုပ်အောင်ဆန်း၏ အရပ်ဝတ်နှင့် ရုပ်ပုံကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ် ပြော
Sunday, June 28, 2020

0 comments:
Post a Comment