Sunday, September 2, 2018

တအာင်းလူမျိုးများကို လူသားစားသူများဟု ပြောဆိုသူကို အရေးယူရန် သာသနာရေးက သက်ဆိုင်ရာသို့အကြောင်းကြား


တအာင်းလူမျိုးများကို လူသားစားသူများဟု ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်ပြောဆိုခဲ့သည့် အမျိုးသမီးကိုအရေးယူရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများသို့ သြဂုတ် ၃၀ ရက်က အကြောင်း ကြားထားသည်။
သြဂုတ် ၁၈ ရက်ညက ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်လမ်းမကြီးပေါ်၌ရိုးရာဓလေ့အရ သွားလာလှုပ်ရှားနေသော မက်မွန်လောင်းကျေးရွာမှ တအာင်း(ပလောင်) လူမျိုးများကို ခရီးသွားအမျိုးသမီးတစ်ဦးက ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်ကာ လူသားစားမျိုးနွယ်များ၊ ကျတ်၊ ပြိတ္တာများဟုပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုမှုကိုတအာင်းအရပ်ဘက်အဖွဲ့များက ဝေဖန်ခဲ့ပြီး Live လွှင့်သည့် Yuri Miko အကောင့်ပိုင်ရှင် ဒေါ်ခင်မေထွန်းပြန်လည်တောင်းပန်ရန် သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။ တအာင်းအမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကလည်း Live လွှင့် ပြောဆိုခဲ့သည့် အဆိုပါအမျိုးသမီးကို ပြင်းထန်စွာအရေးယူပေးရန် သမ္မတရုံးအပါအ၀င် သက်ဆိုင်ရာဌာနများသို့ လိပ်မူတိုင်ကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက သြဂုတ် ၃၀ ရက် တွင်ပို့ဆောင်ဆက်သွယ်ရေးဝန် ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနတို့အားအဆို ပါဖြစ်ရပ်အပေါ်လိုအပ်သလိုအ ရေးယူရန် ညှိနှိုင်းစာပေးပို့ခဲ့သည်။ ထိုစာတွင် ‘ဆက်သွယ်ရေးကွန် ရက်တစ်ခုကို အသုံးချ၍ အထက် ပါပြုမူဆောင်ရွက်မှုသည်တိုင်း ရင်းသားမျိုးနွယ်စုတစ်ခု၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အပြင် တိုင်းရင်းသားလူမျိုးများကြား မ လိုလားအပ်သည် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်၍ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက် ပေးပါရန်’ ဟု ဖော်ပြပါရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းမိုးက အဆိုပါ ဖြစ်ရပ်ကို တောင်းပန်ရုံဖြင့်မကျေ နပ်ဘဲဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ရန် ပြောကြားထား သည်။

လူသားစားမျိုးနွယ်များဟု စွပ်စွဲပြောဆိုခံရသည့် မက်မွန် လောင်းကျေးရွာ တိုင်းရင်းသား များထံ ဖေ့စ်ဘွတ်ခ်မှ Live လွှင့် သူကိုယ်တိုင်လာရောက်တောင်း ပန်ပြီးရှင်းပြစေလိုကြောင်း ကျေး ရွာဥက္ကဋ္ဌ ဦးပေါ်နွေက 7 Day သတင်းစာမှ တစ်ဆင့်ပြောသည်။

Live လွှင့်ခဲ့သူ ဒေါ်ခင်မေထွန်း (အကောင့်ပိုင်ရှင် Yuri Miko) သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင် နေကြောင်း သွားရောက်စုံစမ်းခဲ့ သော တအာန်းအရပ်ဘက် အဖွဲ့များကပြောသည်။

7Day

0 comments:

Post a Comment