Sunday, September 2, 2018

ကျွန်းတောလမ်းတွင် မူးယစ်ရမ်းကားသူများအနက် နှစ်ဦးကို ရပ်ကွက်က ဝိုင်းဖမ်း၍ ရဲလက်အပ်



ကျွန်းတောလမ်း ဘီယာ ဆိုင်တစ်ဆိုင်အတွင်းမှ ထွက်လာ သည့် လူငယ်ခုနစ်ဦးခန့်က လမ်း ပေါ်တွင် သွားလာနေသူအချို့ကို ဝိုင်းဝန်းရိုက်နှက်ကာ ကားများကိုလည်း ကန်ကျောက်နေသဖြင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ 
ရမ်းကားသူများသည် စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့် က ကျွန်းတောလမ်းတစ်ဖက်တွင် လမ်းလျှောက်နေသည့် လူငယ် တစ်ဦးကို စတင်ရိုက်နှက်ပြီး ဖုန်း ဖြင့်ဗီဒီယိုရိုက်နေသည့် မိန်းက လေးတစ်ဦးကိုပါ ဆက်လက်ရိုက် နှက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ကိုစိုင်းက ပြောသည်။ 

‘‘ဖြစ်တာရွှေပင်ငွေပင်ဆိုင် ရှေ့မှာစဖြစ်တာ။ သူတို့ဘက်က ခုနစ်ယောက်လောက်ရှိမယ်။ ဟို ဘက်က မိန်းကလေးငါးယောက် လောက်ရယ်၊ ကောင်လေးတစ် ယောက်ရယ်။ အဲဒီကောင်လေး တစ်ယောက်ကို ဝိုင်းရိုက်နေတော့ ပထမဘာဖြစ်မှန်း မသိဘူး။ နောက်တော့ ကောင်မလေးကိုပါ ရိုက်တော့ ဝိုင်းတားကြတော့ သူ တို့မချေမငံပြန်ပြောပြီး၊ Music World KTV ဘက်ကို ထွက်သွား ပြီး အဲဒီဘက်မှာထပ်ဖြစ်တာ’’ ဟု ကိုစိုင်းကပြောသည်။ 

အခင်းဖြစ်ပွားချိန် မျက်မြင် တွေ့ရှိသူများ၏ ပြောဆိုချက်အရ ပြစ်မှုကျူးလွန်သည့် လူငယ်အဖွဲ့ သည် ခုနစ်ဦးခန့်ရှိသည်ဆိုသော် လည်း ဖုန်းဖြင့်ရိုက်ထားသည့် ဗီဒီယိုဖိုင်ကို ကြည့်ရှုစစ်ဆေးချက် အရ ပြစ်မှုကျူးလွန်သူမှာ သုံးဦး ခန့်ရှိပြီး လတ်တလောနှစ်ဦးကို ဖမ်းဆီးထားကြောင်း ကမာရွတ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

‘‘တရားလိုတွေရဲ့ ပြော စကားအရပေါ့နော်။ ကြည့်ရတဲ့ သူတို့ရိုက်ခဲ့တဲ့မှတ်တမ်းတွေအရ ပေါ့နော်။ ကျူးလွန်တာတော့ သုံး ယောက်ဆိုတာတော့ သိထား တယ်ပေါ့။ လတ်တလောသိထား တဲ့အသိပေါ့။ တစ်ယောက်က တော့ အခင်းဖြစ်စဉ်မှာပြေးသွား တဲ့ သဘောရှိတယ်။ ကျန်တဲ့နှစ် ယောက်ကလည်း ဒဏ်ရာဒဏ် ချက်တော်တော်လေးကို ပြင်းထန် ပါတယ်။ ဒါကတော့ ဆေးရုံက ဆရာဝန်တွေမှသာသိမှာပေါ့’’ ဟု ၎င်းကဆိုသည်။ 

ထို့နောက် အဆိုပါလူငယ် တစ်စုသည် Music World KTV အနီးသို့ အရောက်တွင်လည်း ကျွန်းတောလမ်းပေါ်၌ မောင်းနှင် နေသည့် ကားများကို လိုက်လံ ကန်ကျောက်ကာ ရမ်းကားနေသ ဖြင့် ရပ်ကွက်အတွင်းနေသူများ က ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးရာ လူငယ်နှစ်ဦး ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့ ထံ အပ်နှံခဲ့ကြောင်း ကိုစိုင်းက ဆက်လက်ပြောသည်။ 

‘‘ပထမစစဖြစ်တုန်းက ပြော တော့ သူတို့က ကမာရွတ်သား ဘာညာဆိုပြီးပြောပြီး KTV ရှေ့ လည်းရောက်ရော ကြည့်မြင့်တိုင် ဖြစ်သွားရော။ ကျန်တဲ့ကောင် လေးတွေကတော့ ထွက်ပြေးသွားတယ်။ မိထားတဲ့နှစ်ယောက်ကို ရဲကလာခေါ်သွားတယ်’’ ဟု ၎င်းကဆိုသည်။ 

ရပ်ကွက်အတွင်းရှိ ပြည်သူ က ဝိုင်းဝန်းဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရ သော လူငယ်နှစ်ဦးတွင်လည်း ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသ မှုခံယူနေပြီး လတ်တလောတွင် ၎င်းတို့နှစ်ဦးကို အမှုဖွင့်အရေးယူ ရန် စီစဉ်နေကြောင်း ကမာရွတ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

‘‘လတ်တလောအနေနဲ့ တော့ ဆေးကုသမှုခံယူနေပါ တယ်။ ဥပဒေအရဆိုရင်သူတို့ကို လုပ်လိုက်တဲ့သူတွေကိုလည်း ဥပ ဒေအရ တရားစွဲဆိုခွင့်တော့ရှိ တာပေါ့နော်။ အဲဒါကိုပြန်လည်စိ စစ်ဖို့ကျတော့ အချိန်တော့ယူရ မှာပေါ့။ အမှုပြန်ဖွင့်တာမျိုးမရှိ သေးပါဘူး။ အဲဒီနေရာကလူလည်း စုံတယ်။ JunctionSquare ကလည်း လူစုံလာနေတာ။ သူတို့ ကိုယ်တိုင်ကလည်း သူတို့ကိုရိုက် နှက်သွားတာ ဘယ်သူမှန်းမသိ ဖြစ်နေတယ်’’ ဟု ၎င်းကဆိုသည်။ 

ဖမ်းဆီးထားသော လူငယ်နှစ်ဦးကို ကမာရွတ်မြို့မရဲစခန်းက နာကျင်စေမှုပုဒ်မ၊ ကာယိနြေ္ဒ ပျက်စီးစေမှုပုဒ်မ၊ အားပေးကူညီမှုပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်နေသည်။


7Day

0 comments:

Post a Comment