Sunday, September 23, 2018

မော်ဒယ် ယွန်းဆက်ပိုင် ယာဉ်မတော်တဆဖြစ်၍ သေဆုံး

Image may contain: one or more people and outdoorImage may contain: 1 person, close-upImage may contain: car and outdoorImage may contain: 1 person, standing

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားတွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင်ပါသည့် မော်ဒယ် ယွန်းဆက်ပိုင် မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်ဒယ် ယွန်းဆက်ပိုင် မောင်းနှင်လာသည့် ယာဉ်ဖြစ်သည့် စူဇူကီ အမျိုးအစားသည် လမ်း ၃၀ ၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားရှိ ဆောက်လက်စ အဆောက်အဦးရှေ့ မြေပုံအား ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ယွန်းဆက်ပိုင် မှာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
``ကောင်မလေးက မန္တလေးမှာ သင်တန်းလာတက်တာလို့ ပြောတယ် ။ သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာတော့ အမှုဖွင့်တာတွေ လုပ်ထားပြီးဖြစ်တယ် ။´´ ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ မော်ဒယ် ယွန်းဆက်ပိုင်အား ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းတွင် ယာဉ်(ပ)၂၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
The Fifth Wave News

0 comments:

Post a Comment