Thursday, September 20, 2018

ဆွာချောင်းရေကြီးမှုဖြစ်ခဲ့ဖြစ်စဉ်ကြောင့် ပိတ်ဆို့ခဲ့သည့် လမ်းပိုင်း ပြန်လည်ဖွင့်လှစ် ၊ ရန်ကုန်-မန္တလေးလမ်းပိုင်း ရထားလမ်း ပုံမှန် အချိန်စာရင်းအတိုင်း ပြန်လည် ပြေးဆွဲသွားမည်


Image may contain: outdoorImage may contain: 1 person, sky and outdoorImage may contain: outdoorImage may contain: 1 person, sky and outdoorImage may contain: 1 person, sky and outdoor


ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာချောင်းရေကြီးမှုဖြစ်ခဲ့ဖြင့် ရေတာရှည်-ကုန်းကြီး- ဆွာ ရထားလမ်းပိုင်း ပိတ်ဆို့ သွားသည်ကို စက်တင်ဘာ ၂၀ ရက် ၊ ၁၄း၂၅နာရီ တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
ရန်ကုန်- မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲနေသော ရထားအားလုံးကို စက်တင်ဘာ ၂၁ ရက်မှစတင်ကာ ပုံမှန် အချိန်စာရင်းအတိုင်း ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတဦးကပြောသည်။
ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ ထွက်ခွာပေးမည့်ရထားများမှာ မနက်၎နာရီတွင် အမှတ် ၁အဆန်စာပို့ရထား မနက်၆နာရီတွင်အမှတ် ၁၁အဆန်အမြန်ရထား ညနေ ၃နာရီတွင် အမှတ် ၅အဆန်အမြန်ရထား ညနေ ၅နာရီတွင် အမှတ်၃အဆန်ရထားတို့ ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရန်ကုန်မှ သာစည်သို့ အမှတ် ၉အဆန်ရထားသည် မနက် ၁၁နာရီတွင်လည်းကောင်း နေပြည်တော်ဘူတာသို့ မနက် ၈နာရီတွင် အမှတ်၃၁အဆန်အမြန်ရထားနှင့် ည၉နာရီတွင် အမှတ် ၇အဆန်အမြန်ရထားများကို ထွက်ခွာပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ခရီးသွားပြည်သူများ ရန်ကုန်ဘူတာကြီး၌ ရထားလက်မှတ် လွယ်ကူစွာ ဝယ်ယူနိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။
News Watch

0 comments:

Post a Comment