Thursday, September 20, 2018

၂ ပတ် ၃ ပတ်အတွင်းမှာ ကိုယ်အလေးချိန် ၁၁ ပေါင်လောက်ကျစေမယ့် ဂေါ်ဖီထုပ်ဟင်းချို

Image may contain: 1 person, smiling, food and indoor


ဂေါ်ဖီထုပ်ဟင်းချိုဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ တကယ်ကို အသုံးဝင်တဲ့ အစားအစာတစ်မျိုးပါ။ ဂေါ်ဖီဟင်းချိုကို များများသောက်ပေးတာဟာ ၂ ပတ်ကနေ ၃ ပတ်အတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်ထိ ကျစေပါတယ်။
ဒီလိုပြောတဲ့နေရာမှာ တစ်ပတ်လောက် ဂေါ်ဖီဟင်းချိုတစ်မျိုးတည်းကို သောက်ရမှာပါ။ နွားနို့၊ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ ကယ်လိုရီ အနည်းငယ်ပဲပါဝင်ပြီး ကယ်လိုရီပမာဏကိုလည်း အမှန်တကယ်လောင်ကျွမ်းစေပါတယ်။
ဂေါ်ဖီဟင်းချိုများများသောက်လေ ကိုယ်အလေးချိန် လျှော့ကျလေပါပဲ။ ဂေါ်ဖီဟင်းချိုကြီးပဲသတ်သတ်သောက်တာပဲ တစ်ပတ်ထက်ပိုတော့ မလုပ်သင့်ပါဘူး။
ဂေါ်ဖီထုပ်ဟင်းချိုကို ဘယ်လိုလုပ်မလဲ
ပါဝင်ပစ္စည်းများ
ဂေါ်ဖီထုပ် ၁ ထုပ်
မှို ၁ ထုပ်
ခရမ်းချည်သီး စည်သွပ်ဗူး အသေး ၂ ဗူး
ခါကြက်ဥ (သို့) မုန်လဥနီ ၃ လုံး
ငရုတ်သီးစိမ်း ၂ တောင့်
ကြက်သွန်နီ အကြီး ၂ လုံး
တရုတ်နံနံပင် ၁ စည်း
အသင့်လုပ်ထားတဲ့ ဟင်းခတ်မှုန့်အတုံး (Bouillon Cube) ၁ တုံး (ထည့်ချင်မှထည့်ပါ)
ရေ ၆ ခွက်ကနေ ၈ ခွက်ထိ
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းတွေအားလုံးကို အတုံးလိုက်လှီးပေးရပါမယ်။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါ။ ပြီးရင် ကျန်ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီး မွှေပေးပါ။ ပြီးရင် ရေထည့်ပါ။
(Bouillon Cube (သို့) မိမိကြိုက်နှစ်သက်တဲ့ ဟင်းခတ်မှုန့်တွေ ထည့်ပေးပါ။ (လိုအပ်မှသာ) )
ရေဆူလာပြီဆိုရင် မီးကိုလျှော့လိုက်ပြီး ပါဝင်ပစ္စည်းတွေအားလုံး နူးသွားတဲ့ထိ နာရီဝက်လောက် ထပ်သည်ထားပေးပါ။ ဆား၊ ငရုတ်သီး နဲ့ အရသာကောင်းစေတဲ့ တခြားဟင်းခတ်မှုန့်တွေကို ထည့်နိုင်ပါတယ်။
အဲဒီဟင်းချိုကို တစ်နေ့မှာ သောက်နိုင်သလောက် အကြိမ်များစွားသောက်သုံးနိုင်ပါတယ်။
ပြီးရင် ကယ်လိုရီ ပါဝင်မှုနည်းတဲ့ အစားအစာတွေကို ဖြည့်စွက်စားသုံးနိုင်ပါတယ်။ ရေသောက်ပါ။ အချိုဓါတ်မပါတဲ့ လက်ဖက်ကြမ်းအရည် (သို့) တခြား ကယ်လိုရီမပါတဲ့ အသီးဖျော်ရည်သောက်ပါ။
ဂေါ်ဖီထုပ်ဟင်းချိုနဲ့ ၀ိတ်ချမယ့်အစီအစဉ်။
ပထမနေ့ = ဂေါ်ဖီထုပ်ဟင်းချိုနဲ့ သစ်သီးကို စားနိုင်သလောက် သောက်နိုင်သလောက်သောက်ပါ။ (ငှက်ပျောသီးတော့မစားပါနဲ့)
ဒုတိယနေ့ = ဂေါ်ဖီထုပ်ဟင်းချိုကိုသာသောက်နိုင်ရင်ပိုကောင်းပါတယ်။ အဲလိုမှမဟုတ်ရင်လည်း အရွက်စိမ်းသုပ် (သို့) အရွက်ကြော်စားနိုင်ပါတယ်။ အာလူးကိုမီးဖုတ်ပြီး ထောပတ်နဲ့ တို့စားနိုင်ပါတယ်။ ဒါပေမဲ့ ပဲအမျိုးမျိုး နဲ့ ပြောင်းဖူးကိုတော့ ရှောင်ပေးပါ။
တတိယနေ့ = ဂေါ်ဖီထုပ်ဟင်းချိုရယ် အသီးအရွက်တွေကို စားသုံးနိုင်ပါတယ်။
စတုထ္တနေ့ = ငှက်ပျောသီး ၊ နွားနို့ နဲ့ ဂေါ်ဖီထုပ်ဟင်ချိုကို စားနိုင်သလောက် သောက်နိုင်သလောက်သောက်ပါ။
ပဉ္စမနေ့ = ဒီနေ့မှာတော့ အမဲသား ၂၈၀ ဂရမ်ကနေ ဂရမ် ၅၀၀ ကျော်ထိ စားသုံးနိုင်ပါပြီး ခရမ်းချည်သီး ၆ လုံးနဲ့ ဂေါ်ဖီဟင်းချို သောက်နိုင်သလောက်သောက်ပါ။ ရေအနည်းဆုံး ၆ ခွက်ကနေ ၈ ခွက်ထိ သောက်ပေးသင့်ပါတယ်။
ဆဌမနေ့ = ဂေါ်ဖီထုပ်ဟင်းချို ၊ အမဲသား ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးပါ။ အမဲသားနေရာမှာ ငါးလည်းစားပေးလို့ရပါတယ်။
သတ္တမနေ့ = ကဲဒီနေ့ကတော့ နောက်ဆုံးနေ့ပါ။ သကြားပါဝင်တဲ့ အစားအစာတွေကို ရှောင်ပြီး အသီးအရွက်စားပါ။ ဆန်ညိုချက်စားပါ။ အသီးဖျော်ရည် နဲ့ ဂေါ်ဖီထုပ်ဖျော်ရည် သောက်နိုင်သလောက်သောက်ပါ။
အခုပြောပြတဲ့နည်းလမ်းကို လုပ်တာ ၁ ပတ်ပြည့်သွားရင် ၂ ပတ်လောက်နားပါ။ ပြီးရင်ပြန်လုပ်ပေးပါ။
ဒီနည်းလမ်းကို လက်တွေ့မလုပ်ခင် ကိုယ်နဲ့ သင့်တော်ရဲ့လားဆိုပြီး တတ်သိနားလည်တဲ့ အဟာရ ပညာရှင်တွေနဲ့ ဆွေးနွေးပါ။
MyFood Myanmar

0 comments:

Post a Comment