Thursday, September 20, 2018

အော်ဘာမီးယန်း ကို ဂန္ထ၀င် တိုက်စစ်မှုး အွန်နရီ နဲ့ ခိုင်းနှိုင်း သွားခဲ့တဲ့ မာတင် ကီယွန်

Image may contain: 2 people, people playing sport and outdoor


အာဆင်နယ် အသင်း ရဲ့ နောက် ခံ လူ ဟောင်း မာတင် ကီယွန် က တော့ ယမန် နေ့ ညက ကစား ခဲ့ တဲ့ ယူရိုပါ လိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ အာဆင်နယ် အတွက် ခြေစွမ်း ပြ ပြီး ၂ ဂိုး သွင်းယူ ပေး သွားခဲ့ တဲ့ တိုက် စစ် မှုး အော်ဘာ မီးယန်း ကို အသင်း ရဲ့ ဂန္ထ၀င် တိုက် စစ် မှုး ဟောင်း အွန်နရီ နဲ့ ခိုင်းနှိုင်း ပြောဆို သွားခဲ့ ပါတယ် ။
ဂါဘွန် တိုက် စစ် မှုး အော်ဘာ မီးယန်း ဟာ အာဆင်နယ် ရဲ့ တိုက် စစ် ကို ဦးဆောင် ကစား ခဲ့ပြီး အီဝိုဘီ ရဲ့ ပေးပို့ မှု ကို လျောထိုး ကန်သွင်း ကာ အဖွင့် ဂိုး ကို သွင်းယူ ပေးခဲ့ ပါတယ် ။ အဲ့ ဒီ နောက် မှာလည်း အော်ဘာ မီးယန်း ဟာ နောက် ထပ် သွင်းဂိုး တွေ ရရှိ ဖို့ နီးစပ် ခဲ့ ပေမယ့် ဒုတိယ ပိုင်း မှ သာ တန်ပြန် တိုက် စစ် က တဆင့် ဒုတိယ ဂိုး ထပ်မံ သွင်းယူ နိုင် ခဲ့ ပါတယ် ။
အော်ဘာ မီးယန်း ဟာ တစ်ချိန် က အာဆင် နယ် ရဲ့ ဂိုး သွင်း သူရဲ ကောင်းဖြစ် တဲ့ ပြင်သစ် တိုက် စစ် မှုး ဟောင်း အွန်နရီ ရဲ့ ကျောနံပါတ် ၁၄ ကို ၀တ်ဆင် ကစား နေ တာ ဖြစ်ပြီး အာဆင်နယ် နောက် ခံလူ ဟောင်း မာတင် ကီယွန် ကတော့ အော်ဘာ မီးယန်း ကို အွန်နရီ နဲ့ ခိုင်းနှိုင်း ပြောဆို သွားခဲ့ ပါတယ် ။
“အော် ဘာ ဆီက ဒီလို ဂိုး မျိုးတွေ ကို မျှော် လင့် ထားခဲ့ တာပါ ။ သူ ဘောလုံး ကို မျှော ထုတ် ပြီး ညာ ခြေ နဲ့ ဝေ့ ကန် လိုက် တာ ဟာ တစ် ချိန် တုန်း က အွန် နရီ သွင်း နေ တဲ့ ပုံစံ မျိုး ပါပဲ ။ သူ့ရဲ့ ဒုတိယ ဂိုး ဟာ အွန်နရီ ကို ပြန်ပြီး သတိရ မိ စေခဲ့ ပါတယ်”
“အော်ဘာ မှာ ဒီလို ပုန်းကွယ် နေတဲ့ အရည် အသွေး ကောင်း တွေ ရှိနေ ပါတယ် ။ အခု အချိန် က စပြီး သူ့ အနေနဲ့ ယုံယုံ ကြည်ကြည် လုပ် ဖို့ ပဲ လိုတာပါ ။ သူ့ လို ကစား သမား မျိုး ကို အာဆင်နယ် ရထား တာ သိပ် ကောင်းတယ် လို့ထင် ပါတယ်”
“သူ့ရဲ့ လျှင်မြန် မှု နဲ့ အရွှေ့ တွေ ဟာ အွန် နရီ ၊ အီယန် ရိုက် တို့ လို အသင်း ရဲ့ အရေး ပါတဲ့ ကစား သမား အဖြစ် ရောက်လာ စေနိုင် ပါတယ် ။ အော်ဘာ ဟာ အာဆင်နယ် မှာ တဖြည်းဖြည်း ယုံကြည် မှု တွေ တည် ဆောက် လာနိုင် ပါပီ ။ ဒီ ည အတွက် တော့ အာဆင်နယ် အတွက် သတင်း ကောင်းတွေ ကို သူ က ယူဆောင် လာ ပေး ခဲ့ ပါတယ်” လို့ ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။
အဆိုပါ ပွဲ ကို မာတင် ကီယွန် နဲ့ အတူ သုံးသပ် ခဲ့တဲ့ အင်္ဂလန် နည်းပြ ဟောင်း ဂလင်း ဟော်ဒယ် ကလည်း ကီယွန် ရဲ့ အဆို ကို ထောက် ခံ ခဲ့ပြီး အာဆင်နယ် နည်းပြ အမ် မရီ အနေနဲ့ အော်ဘာ မီးယန်း နဲ့ လာကာ ဇက်တီ တို့ ကို အတူ တွဲ ဖက် အသုံး ပြုနိုင် မယ့် နည်းလမ်း ကို ရှာတွေ့ နိုင် ပါက အခု ထက် ပို မို ကောင်း မွန် တဲ့ ကစား ဟန် ကို ရရှိ လိမ့်မယ် လို့ လည်း အကြံ ပြု ပြောဆို သွားခဲ့ ပါတယ် ။
အာဆင် နယ် ဟာ ယခု ပွဲ ကို မျှော်လင့် ထား တဲ့ အတိုင်း အနိုင် ကစား နိုင် ခဲ့ ပေမယ့် ဒီရာသီ ပထမ ဆုံး ဂိုး မပေး ရတဲ့ ပွဲ ဖြစ် လာ အောင် တော့ မစွမ်း ဆောင် နိုင် သေး ပါဘူး ။ အာဆင်နယ် ဟာ ယခု ရာသီ ကစား ခဲ့ သမျှ ပွဲတိုင်း ဂိုး ပေး ထား ရပြီး နည်းပြ အမ် မရီ အတွက် တော့ ဒါဟာ အား မလို အားမ ရ ဖြစ် စေခဲ့ ပါတယ်
အာဆင်နယ် ဟာ ယခု အပတ် မှာတော့ ပ ရီး မီး ယား လိဂ် ပွဲစဉ် အဖြစ် အဲဗာတန် အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။
SPORTS MYANMAR

0 comments:

Post a Comment