

နောက် တစ်ပါတ် တနင်္လာ နေ့ မှာ ကျင်းပ မဲ့ ဖီဖာ ရဲ့ တစ်နှစ် တာ အကောင်း ဆုံး ကစား သမား ဆု ပေးပွဲ မှာ ဘာစီလိုနာ နဲ့ အာဂျင်တီးနား လက်ရွေး စင် အသင်း တို့ ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ က တက်ရောက် သွားလိမ့်မယ် လို့ သိရှိ ရ ပါတယ် ။
တစ်ကယ် တမ်း တော့ မက်ဆီ ဟာ ဖီဖာ က ရွေးချယ် တဲ့ တစ်နှစ် တာ အကောင်း ဆုံး ကစား သမား စကာတင် စာရင်း မှာ ပါဝင် နိုင် ခွင့် မရ ရှိ ခဲ့ပါ ဘူး ။ ဖီဖာ ရဲ့ တစ်နှစ် တာ အကောင်း ဆုံး ကစား သမား စာရင်း ထဲ မှာ တော့ ရီးယဲ မက်ဒရစ် ( လက်ရှိ ဂျူဗင်တပ် ) တို့ ရဲ့ အဓိက တိုက်စစ် မှူး စီ ရော်နယ် ဒို ၊ ရီးယဲ မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ် နဲ့ လီဗာပူး အသင်း ရဲ့ တောင်ပံ တိုက်စစ် မိုဟာမက် ဆာလာ တို့ပဲ ပါဝင် ကြ ပါတယ် ။
Barcelona’s Argentinian forward Lionel Messi (C) carries the cup as they celebrate at the end of the Spanish Super Cup final between Sevilla FC and FC Barcelona at Ibn Batouta Stadium in the Moroccan city of Tangiers on August 12, 2018.
Barcelona defeated Sevilla 2-1 to win the Spanish Super Cup. / AFP PHOTO / FADEL SENNA သို့သော် လည်း ထွက် ပေါ် လာတဲ့ သတင်း တွေ အရ မက်ဆီ ဟာ ဖီဖာ ရဲ့ တစ်နှစ် တာ အကောင်း ဆုံး XI ယောက် အသင်း မှာ ပါဝင် နိုင်ခဲ့ တာ ကြောင့် အခု လို ပွဲ ကို လာရောက်ဖို့ အတွက် ဖိတ်ကြား ခံခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။
လက်ရှိ ကြား သိ ရတဲ့ သတင်း တွေ အရ အချို့ ကစား သမား တွေ ဟာ ဖီဖာ ဖက်မှ ဖိတ်ကြား ခြင်း ခံခဲ့ ရ ပေမဲ့ ပွဲ ကို တက်ရောက် ဖို့ ရှိ မနေ ကြဘူး လို့ သိရှိ ရ ပါတယ် ။
သို့သော် လည်း ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ် မှူး ဖြစ်တဲ့ မက်ဆီ က ဒီ ပွဲ ကို တက်ရောက် ဖို့ ဆုံးဖြတ် ချက် ချမှတ် ထား ခဲ့တယ် လို့ သိ ရှိ ရ ပါတယ် ။ မက်ဆီ ဟာ ယခင် တုန်း ကလည်း ဆု ချီးမြှင့် ခြင်း မခံ ခဲ့ ရ ပေမဲ့ ပွဲ ကို တက်ရောက် ဖို့ ပျက်ကွက် ခဲ့တာ မျိုး မရှိ ခဲ့ ဘူး လို့ သိရှိ ရ ပါတယ် ။
မကြာ သေး ခင် ရက် သတ္တ ပါတ် က UEFA မှ ချီးမြှင့် ပေးတဲ့ တစ်နှစ် တာ အကောင်း ဆုံး ကစား သမား ဆု ကို ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကွင်းလယ် လူ လူကာ မိုဒရစ် မှ ရရှိ ဖို့ ရေပန်း အစား ဆုံး ဖြစ် ခဲ့တဲ့ အချိန် မှာ ဂျူဗင်တပ် အသင်း ကို ပြောင်း ရွှေ့ သွား ခဲ့တဲ့ စီ ရော်နယ် ဒို ဟာ ပြိုင်ပွဲ ကို တက်ရောက် လာခြင်း မရှိ ခဲ့ ပါဘူး ။
သို့ပေမဲ့ လက်ရှိ မက်ဆီ ရဲ့ ဆုံးဖြတ် ချက် အရ တော့ သူဟာ ဖီဖာ ရဲ့ တစ်နှစ် တာ အကောင်း ဆုံး ကစား သမား ဆု ပေး ပွဲ ကို စကာတင် စာရင်း မှာ မပါဝင် ပေမဲ့ တက်ရောက် လာဖို့ ရှိ နေတယ် လို့ သိရှိ လိုက် ရ ပါတယ် ။






0 comments:
Post a Comment