
မလေးရှား တရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ကို အာဏာအလွဲသုံးစားမှုနဲ့ ငွေမဲခဝါချမှု အပါအဝင် စွဲချက် ၂၅ ခုနဲ့ မနေ့က စွဲဆိုလိုက်ပါတယ်။ အဲဒီစွဲချက်တွေထဲမှာ နိုင်ငံတော်ဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်းပေါင်းများစွာကို သူ့ရဲ့ကိုယ်ပိုင်ဘဏ်ငွေစာရင်းထဲ လွှဲပြောင်းရယူခဲ့မှုလည်း ပါဝင်ပါတယ်။
သူအာဏာရခဲ့စဉ် ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်တွေအတွင်း နိုင်ငံပိုင်ငွေ ကန်ဒေါ်လာ ၅၅၅ သန်းခန့်ကို အလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့အပေါင်းပါ ခရိုနီတွေဟာ တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ နောက်ဆုံးပေါ်အဆောက်အဦးတွေ၊ ဇိမ်ခံပစ္စည်းတွေ ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းက သူ့မှာအပြစ်မရှိကြောင်းနဲ့ ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတာ မြင်တွေ့ရမယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ ကွာလာလမ်ပူမြို့က တရားရုံးအပြင်ဘက်မှာ သူ့ကို ထောက်ခံသူ ရာပေါင်းများစွာ မနေ့က လာရောက်စုဝေးပြီး အင်အားပြခဲ့ကြပါတယ်။
ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ဟာ ထောင်ဒဏ် အနှစ် ၂ဝ အထိ ချမှတ်ခံရနိုင်ပါတယ်။
RFA






0 comments:
Post a Comment