Thursday, September 20, 2018

နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး(အခမဲ့)ကွင်းဆင်းဆောင်ရွက်ပေး

Image may contain: 3 people, people sitting and indoorImage may contain: 6 people, people standingImage may contain: 2 people, people smiling, people standing


တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး(အခမဲ့) ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် NRC အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်ရာသို့ သရက်ချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသာထွန်းအောင် နှင့် ၀န်ထမ်းများက အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား(၃၇)ဦးနှင့်ကျောင်းသူ(၃၃)ဦး စုစုပေါင်း(၇၀)ဦးကို နေ့ချင်းပြီးပြုလုပ်ပေး ကာ ကျောင်းသား/ကျောင်းသူများ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်နိုင်ခဲ့ကြောင်း သိရ သည်။
နိုင်ဝင်း(ပြန်/ဆက်)

0 comments:

Post a Comment