Thursday, September 20, 2018

သီချင်းမဆိုတတ်တဲ့ မင်းသမီးလေးကို အဆိုပညာ ကျွမ်းကျင်အောင် သင်ပေးနေတဲ့ ရွှေထူး

Image may contain: 2 people, people smiling, close-up


မနေ့က စက်တင်ဘာ ၁၉ ရက်နေ့လေးဟာ မြန်မာနိုင်ငံရဲ့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော် ရွှေထူးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူတို့နှစ်ယောက်ရဲ့ Relationship ကို တရားဝင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပါစေ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ဆက်ချစ်နေကြတာကိုလည်း တွေ့ရပါတယ်။
ရွှေမှုန်လေးကတော့ ချစ်သူဖြစ်တဲ့ ရွှေထူးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့အပြင် မိနစ်အတော်ကြာရွှေထူးကိုဆွံ့အသွားအောင် Birthday Surprise လုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ကမ္ဘာကျော် Brand တွေဖြစ်တဲ့ အိတ်နဲ့ဖိနပ်ကို မွေးနေ့လက်ဆောင်ပေးခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ ရွှေထူးဟာ သူ့ချစ်သူ ရွှေမှုန်ရတီနဲ့ အတူတွဲဆိုထားတဲ့ သီချင်းဗီဒီယိုလေးကို တင်ထားတာဖြစ်ပါတယ်။ သီချင်းသိပ်မဆိုတတ်တဲ့ ရွှေမှုန်ရတီကို သီချင်းသင်ပေးနေတဲ့ ချစ်သူ ၂ ဦး ဗီဒီယိုလေးဟာ သိပ်ချစ်စရာကောင်းလှပြီး ကြည့်ရှုသူ ပရိသတ်တွေ များပြားနေတာလည်း တွေ့ရပါတယ်။
Lwin Pyin

0 comments:

Post a Comment