Sunday, September 23, 2018

သဗ္ဗညုဘုရားပြင်ရန် တရုတ်နှင့်လက်မှတ်ထိုး

Image may contain: sky and outdoor

ငလျင်ကြောင့် ကွမ်းတောင်အောက်ခြေတိုင်များပျက်စီးခဲ့သော သဗ္ဗညုဘုရားကို တရုတ်နှင့်မြန်မာပေါင်းပြင်ရန် စက်တင်ဘာ ၂၂ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရှိရသည်။

သဗ္ဗညုဘုရားသည် ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ် ၂၀၁၆၊ သြဂုတ်လကုန်ပိုင်းက ငလျင်လှုပ်၍ ဘုရားအပေါ်ပိုင်း ကွမ်းတောင်အခြေကွဲအက်ပြီး ကွမ်းတောင်အောက်ခြေတိုင်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာန (ပုဂံဌာနခွဲ) မှ သိရှိရသည်။

ဘုရားပြင်ရန် မည်မျှအကုန်ခံပေးမည်ကို မသိရသေးဘဲ တင်ဒါခေါ်ရဦးမည်ဖြစ်သည်။ တင်ဒါကိုလည်း တရုတ်ကပင် သူ့အစီအစဉ်နှင့်သူခေါ်မည်ဖြစ်သည်။ တရုတ်နှင့် မြန်မာပညာရှင်ပေါင်းပြင်မည်ဖြစ်ပြီး မြန်မာဘက်က ပစ္စည်းထားရန်နှင့် ပညာရှင်များနေရန် နေရာစီစဉ်ပေးရမည်ဟု ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။

ငလျင်ကြောင့်ပျက်စီးခဲ့သော ပုဂံဘုရားအဆူ ၃ဝဝ ကျော်ကို ပြုပြင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှပညာရှင်များပါဝင်သည့် ညီလာခံကို ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်က ပုဂံပြတိုက်တွင်ကျင်းပခဲ့ရာ ယင်းအချိန်က တရုတ်က အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့ကြောင်း ပုဂံဌာနခွဲထံမှ သိရှိရသည်။

သဗ္ဗညုဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်လေးဆင့်ဂူဘုရားဖြစ်ပြီး အလောင်းစည်သူမင်းက အေဒီ ၁၁၄၄ တွင်တည်ထားခဲ့သော ပုဂံဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး ဉာဏ်တော်အမြင့် ပေ ၂၁၀ ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

The Voice

0 comments:

Post a Comment