Thursday, September 20, 2018

အီရန်က အကြမ်းဖက်မှုတွေကို အားပေးတယ်လို့ အမေရိကန် ထပ်မံ စွပ်စွဲ

Image may contain: one or more people and outdoor


အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေကို မီးမွှေးနေပြီး အစိုးရတွေကို စွက်ဖက်နေတာကြောင့် ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒကို ဦးဆောင်အားပေးနေတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်က ထပ်မံ စွပ်စွဲလိုက်ပါတယ်။
မနေ့က စက်တင်ဘာ ၁၉ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကမ္ဘာ့အကြမ်းဖက်မှု နှစ်စဉ်သုံးသပ်ချက်မှာ အီရန်နဲ့ မဟာမိတ်တွေဟာ အမေရိကန်ရဲ့ စီးပွားဖက်ဒေသတွေမှာ ပဋိပက္ခတွေကို မီးမွှေးနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်မှာ နိုင်ငံအစိုးရက ကမကထပြုတဲ့အ ကြမ်းဖက်မှုတွေ ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်အထိ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တာတွေ အီရန်နိုင်ငံက ဆက်လုပ်နေကြောင်း၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေ၊ ဂါဇာက အကြမ်းဖက် အဖွဲ့တွေနဲ့ ဆီးရီးယား၊ အီရတ်နဲ့ အရှေ့အလယ်ပိုင်းက အဖွဲ့တွေကို ထောက်ပံ့ပေးနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
MCN

0 comments:

Post a Comment