Monday, October 1, 2018

ထီဆုလက်မှတ်ပေါင်း ၁၂,၀၀၅ ဆုအား အောက်တိုဘာလကုန်ထိ ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်



၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၈ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှ ရရှိသည့် ဆုလက်မှတ် အပါအ၀င် ဆုလက်မှတ် ပေါင်း ၁၂,၀၀၅ ဆုကို တောင်းခံခြင်း မရှိသေးသဖြင့် ယခု အောက်တိုဘာလ ၃၁ ရက်ထိ ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ကြေညာခဲ့သည်။ 
ထိုဆုရလက်မှတ်များကို ယခု ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၃၁ ရက်ထိ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တို့ ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ကြေညာခဲ့သည်။ 

၈ ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှ ထုတ်ယူခြင်း မရှိသေးသော ဆုမဲ စာရင်း အားလုံးကို မြို့ နယ် အခွန် ဦးစီး ဌာနမှူး ရုံးအသီးသီးတွင် လည်းကောင်း ၊ www.irdmyanmar.gov.mm website တွင် လည်းကောင်း ကြေညာထားကြောင်း သိရသည်။


(Xinhua)

0 comments:

Post a Comment