Wednesday, March 6, 2019

ဒုံးပျံပစ်စင် မြောက်ကိုရီးယားတို့ ပြန်လည်တည်ဆောက်


ဖြုတ်သိမ်းမည်ဟု ကတိပြုထားသော မြောက်ကိုရီးယားရှိ တိုက်ချင်းပစ် ဒုံးပျံပစ်စင်ကို မြောက်ကိုရီးယားက ပြန်လည်ပြင်ဆင်တည်ဆောက်နေကြောင်း ထောက်လှမ်းရေးသတင်း သုံးသပ်ချက်များကို ကိုးကားလျက် BBC က ရေးသားထားသည်။ 
နျူလက်နက်ဖြုတ်သိမ်းရေးကိစ္စအတွက် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိဘဲ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် အဆိုပါဓာတ်ပုံများ ရရှိထားခြင်းဖြစ်သည်။ 

တွန်ချန်းရီ ဒုံးပျံစမ်းသပ်ဧရိယာသည် ဂြိုဟ်တုလွှတ်တင်ဖို့နှင့် အင်ဂျင်စမ်းသပ်ရန်အတွက် အသုံးပြုခဲ့ဖူးပြီး ဒုံးပျံစမ်းသပ်ပစ် လွှတ်ခြင်းအတွက် မသုံးခဲ့ဖူးပေ။ 

အဆိုပါစခန်းကို ဖြုတ်သိမ်းရန်အတွက် ပြီးခဲ့သည့်နှစ်က စတင်ခဲ့သော်လည်း ဆွေးနွေးပွဲက ရှေ့မဆက်နိုင်သဖြင့် ရပ်ဆိုင်းထားသည်။ 

ဒုံးပျံပစ်လွှတ်စခန်း ဖျက်သိမ်းပေးရန်အတွက် ကတိကဝတ်သည် ပြုံးယမ်းနှင့် ဝါရှင်တန်အကြား ယုံကြည်မှု တည်ဆောက်ထားခြင်းဖြစ်သည်။ 

နျူကလီးယားဖယ်ရှားရေးအတွက် မြောက်ကိုရီးယား၏ ခြေလှမ်းများကို မတွေ့ရလျှင် စီးပွားရေးပိတ်ဆို့မှုများကို ပိုမိုတွေ့ကြုံရမည်ဟု အမေရိကန်အစိုးရက သတိပေးထားသည်။ 

အမေရိကန် လေ့လာရေးအဖွဲ့များနှင့် တောင်ကိုရီးယားထောက်လှမ်းရေး အစီရင်ခံချက်များက ရရှိသည့် ဂြိုဟ်တုသက်သေများအရ တွန်ချန်းရီဒေသဆိုဟေး မြေနေရာတွင် ဒုံးပျံပစ်လွှတ်စင်ကို ပြန်လည်တည်ဆောက်နေသည်ကို တွေ့ရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လက ထွက်ပေါ်လာသော သတင်းဓာတ်ပုံများအရ မြောက်ကိုရီးယားက အဆိုပါဒေသကို ရှင်းလင်းခဲ့ပုံရသည်။ ဆိုဟေးသည် မြောက်ကိုရီးယား၏ အဓိကဒုံးပျံပစ်စင်အဖြစ် ၂၀၁၂ ကတည်းက တည်ရှိနေခဲ့သည်။ အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သော ဒုံးကျည်များ၏ အင်ဂျင်ကို အကြိမ်ကြိမ်စမ်းခဲ့ရာနေရာလည်းဖြစ်သည်။ အင်ဂျင်များစမ်းသပ်ခဲ့သော်လည်း အမှန်တကယ် ပစ်ခတ်နိုင်သည့် ဒုံးကျည်ကိုမူ အဆိုပါနေရာမှ စမ်းသပ်ခဲ့ဖူးခြင်းမရှိပေ။

The Voice

0 comments:

Post a Comment