ပအိုဝ်း တိုင်းရင်းသားများသည် ပြည်ထောင်စု အပေါ်တွင် တာဝန်သိသူများ ဖြစ်သဖြင့် ပြည်ထောင်စုကြီး ခိုင်မာရန် လုပ်ဆောင် ပေးမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ကျင်းပ ပြုလုပ်သည့် နှစ် (၇၀) ပြည့် ပအိုဝ်း အမျိုးသားနေ့ (အကြို) အခမ်းအနားတွင် ပြောသည်။
“ကျမတို့ရဲ့ပအိုဝ်းတိုင်းရင်းသားများဟာကျမတို့ပြည်ထောင်စုအတွက်စံနမူနာဖြစ်တဲ့ပြည်ထောင်စုသူပြည်ထောင်စုသားများ ဖြစ် ပါစေ၊ကျမတို့ရဲ့ပအိုဝ်းတိုင်းရင်းသားများဟာကျမတို့ပြည်ထောင်စုကြီး ခိုင်မာဖို့အတွက်တိုးတက်ဖို့အတွက်၊ကျမတို့ပြည်ထောင် စုကြီးအေးချမ်းဖို့အတွက်ရှေ့တန်းကနေဦးဆောင်ပေးတဲ့တိုင်းရင်းသားများ ဖြစ်ပါစေ”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ယနေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အတူ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် နာယက ဗိုလ်မှူး ကြီး ခွန်ဥက္ကာလည်း တက်ရောက်ပြီး အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ဒေသခံဌာန တိုင်းရင်းသား အဖွဲ့ အစည်းများလည်း တက်ရောက် ကြသည်ကို တွေ့ရသည်။
ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ယခင်နှစ်များက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော်လည်း ယခု နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ
















0 comments:
Post a Comment