Saturday, March 16, 2019

ဧရာဝတီတိုင်းတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ထက်ဝက်ကျော် ကျဆင်း


ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုသည် ယမန်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းလာခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ကပြောသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်များထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သူများအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၅ရက်နေ့ တွင် ပုသိမ်မြို့နယ်၊ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

“တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုဟာ ရာနှုန်းထက်ဝက်ကျော် ကျဆင်းသွားတာကို တွေ့  ရှိရပါတယ်။ တော ဆင်ရိုင်းသတ်ဖြတ်ခံနေမှု ကျဆင်းသွားရခြင်းဟာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြန်မာနိုင်ငံသစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊အရပ်ဘက်အဖွဲ့ အစည်းများ ပြည်သူလူထု စတဲ့ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပါဝင် ထိန်းသိမ်းခဲ့လို ကျဆင်းသွားရဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင် က တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင်ပြောကြားသည်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုအခြေအနေများအရ ၂၀၁ရခုနှစ်တွင် တောဆင်ရိုင်း ၁၆ကောင်သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၈ခုနှစ်တွင် ရကောင်သာ သတ်ဖြတ်ခံထားရကြောင်း သိရသည်။ 

“ဆုပေးတယ်ဆိုတာကလည်း တာဝန်ရှိတဲ့နိုင်ငံ ဝန်ထမ်းများအနေဖြင့် တောဆင်ရိုင်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဟာ ငါတို့ပခုံးပေါ်ကို လုံးဝကျရောက်လာပြီဆိုတာကိုလည်း တပါးတည်း အသိပေးခြင်း လည်းဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ 

တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်ရေးအတွက် စွမ်းစွမ်တမံလုပ်ဆောင်ခဲ့ကြသော ဝန်ထမ်းများ၏ စိတ်နေသဘောထားများကို အားပေးအားမြောက်ပြုပေးခြင်း၊ချီးကျူးဂုဏ်ပြုခြင်းတို့ကို ပြုလုပ်မှသာလျှင် အနာဂတ်အတွက် တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု အဆိုပါအခမ်းအနားမှ သိရသည်။ 

ဆင်သတ်ဖြတ်မှုများသည့် ဧရာဝတီတိုင်းတွင် ပုသိမ်နှင့်ငပုတောမြို့နယ်များတွင် အများဆုံး ဖြစ်ပွားပြီး ၂၀၁၈ ခုနှစ်အတွင်း ဆင်မုဆိုး ၁၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment