Saturday, March 16, 2019

မော်လိုက်မြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်


စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးမှာ ဒီနေ့ မနက် ၆ နာရီလောက်က အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ 
မတ်လ (၁၇) ရက်နေ့ မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၅၇ မိနစ် ၄၈ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၁) မိုင်လောက်ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် (၂၅) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၈၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၇ ဒီဂရီ၊ အနက် (၁၈)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။

DVB

0 comments:

Post a Comment