Thursday, March 28, 2019

သမ္မတအဆက်ဆက် စီးခဲ့သည့် ရှေးဟောင်းကားရှစ်စီးကို စစ်သမိုင်းပြတိုက်တွင် ပြသထား


ခေတ်အဆက် ဆက် တာဝန်ထမ်းဆောင်ခဲ့သော သမ္မတနှင့် တပ်မတော်ခေါင်း ဆောင်များ စီးခဲ့သည့် ရှေးဟောင်း ကားများ၊ ဗိုလ်ရှုခံယာဉ်နှင့် ကျည်ကာကား စုစုပေါင်း ရှစ်စီးကို နေ ပြည်တော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသထားသည်။ 
‘‘အရင်ခေါင်းဆောင်တွေ အစဉ်အဆက် စီးခဲ့တဲ့ ကား၊ တပ်မတော်က ခေါင်းဆောင်တွေ အ စဉ်အဆက် စီးခဲ့တဲ့ ကား၊ ရှေး ဟောင်းကားတွေပဲ ထားမှာ။ ကျန် တဲ့ဟာတွေတော့ မထားပါဘူး’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ 

သမ္မတ စဝ်ရွှေသိုက်၊ သမ္မတ မန်းဝင်းမောင်၊ သမ္မတဦးနေဝင်း၊ သမ္မတဦးစန်းယု၊ ဗိုလ်ချုပ်ကြီး နေဝင်းတို့အသုံးပြုခဲ့သော ကျည် ကာယာဉ်နှင့် ဗိုလ်ရှုခံယာဉ်တို့ဖြစ် ကြောင်း စစ်သမိုင်းပြတိုက်မှ တာ ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 
တပ်မတော်စစ်သမိုင်းပြ တိုက်တွင် ကြည်းပြခန်းခြောက် ဆောင်၊ ရေပြခန်းသုံးဆောင်၊ လေ ပြခန်းသုံးဆောင်အပြင် သံချပ်ကာ ပြင်ပပြကွက်တစ်ခု၊ အမြောက် ပြင်ပပြကွက်တစ်ခု၊ တပ်မတော် (ရေ)ပြင်ပပြကွက်တစ်ခုနှင့် တပ် မတော် (လေ)ပြင်ပပြကွက်တစ်ခု တို့ ခင်းကျင်းပြသထားသည်။ 
စစ်သမိုင်းပြတိုက်ကို ၂၀၁၀မေလ ၁၅ ရက်တွင် စတင်အ ကောင်အထည်ဖော် တည်ဆောက် ပြီး ၂၀၁၂ မတ်လ ၁၈ ရက်တွင် ဖွင့် လှစ်ခြင်းဖြစ်သည်။ လာရောက်လေ့လာလိုပါက တနင်္လာနှင့် နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ 

7Day

0 comments:

Post a Comment