အသစ်ခန့်အပ်လိုက်သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်ဝန်ကြီး သုံးဦး သည် မတ်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၉)၊ စတုတ္ထနေ့တွင် ကတိသစ္စာပြုခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လစ်လပ်လျက် ရှိသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၃)ဦး ခန့်အပ်တာဝန် ပေးအပ်ရန် အမည်စာရင်းအဆိုပြုတင်သွင်းထားမှုကို မတ်လ ၂၆ရက် တွင်ကျင်းပပြုလုပ်သည့် အရေးပေါ်အစည်းအဝေး သို့တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်ရန်မရှိသဖြင့် သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဌ က ကြေညာခဲ့ပြီးဖြစ်သည်။
ကတိသစ္စာပြုခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး(၃)ဦး မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ၊ ဦးလှထွေး၊ ရေဖြူမဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချို မြိတ်မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တို့ ဖြစ်သည်။
The Ladies News
0 comments:
Post a Comment