Saturday, March 16, 2019

ကညွတ်ကွင်းတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ မတ်လ ၁၅ နေ့က မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ကညွတ်ကွင်းရဲစခန်းက ပြောပါတယ်။ 
ကညွတ်ကွင်းမြို့ စက်တောင် ၁ ရပ်ကွက်မှာနေထိုင်တဲ့ ကိုဆန်းထူးရဲ့ နေအိမ်မှာ စိတ်ကြွဆေးပြားတွေ ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ 88 စာတမ်းပါ စိတ်ကြွဆေးပြား ၁၂၉) ပြားကို ဖမ်းဆီးရမိခဲ့တာလို့ ကညွတ်ကွင်း(နယ်မြေ) ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။ 

“သတင်းကတော့ ရနေတာကြာပြီ။ မသေချာဘဲ ဝင်ရှာရင် လွတ်သွားနိုင်တာကြောင့် သေချာစောင့်ကြည့်ပြီး သေချာမှ ဝင်ရှာတာပါ။ အခုလက်ရှိတော့ စစ်ဆေးမှုတွေ လုပ်နေတယ်။ အခြားကွင်းဆက်တွေကိုလည်း ဖော်ထုတ်နိုင်အောင် ကြိုးစားနေပါတယ်။” 

ကိုဆန်းထူးအား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉ နဲ့ ကညွတ်ကွင်း (နယ်မြေ) ရပ်တပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

သတင်း ကျော်အောင် (ကညွတ်ကွင်း)
DVB

0 comments:

Post a Comment