Monday, March 18, 2019

ဇင်ဘာဘွေတွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်၊ ၆၄ ဦးထက်မနည်း သေဆုံး


ဇင်ဘာဘွေနိုင်ငံ အရှေ့ပိုင်းမှာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး ဝင်ရောက်တိုက်ခတ်တာကြောင့် ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ 
ဇင်ဘာဘွေအရှေ့ပိုင်း ချက်ခ်ျပင်မြို့မှာ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေတဲ့ ရုပ်သံဖိုင်တွေလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးဟာ ပြီးခဲ့တဲ့ရက်တွေက မာလာဝီနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်မွှေနှောက်ပြီး ဇင်ဘာဘွေနိုင်ငံဆီ ဆက်ရွေ့လျားလာခဲ့တာပါ။ 

အဲဒါကြောင့် ဇင်ဘာဘွေနိုင်ငံကနေ တောင်အာဖရိကနိုင်ငံဆီကို လျှပ်စစ်ပေးပို့နေတာလည်း ရပ်ဆိုင်းလိုက်ရပါတယ်။ 

ဇင်ဘာဘွေနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း အယ်လ်လင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ အိုင်ဒေးမုန်တိုင်းဟာ အားအပြင်းဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဇင်ဘာဘွေနိုင်ငံမှာ အခုနှစ်အတွင်း ဆိုးဆိုးရွားရွား မိုးခေါင်တာကြောင့် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

ဇင်ဘာဘွေပြည်သူ ၅ သန်းကျော်ဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အေဂျင်စီ UNOCHA က ပြောပါတယ်။

DVB

0 comments:

Post a Comment