လ မျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေသော ရေမော်လီကျူးများကို အမေရိကန် လေကြောင်းနှင့်အာကာသဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန(NASA)မှ လေ့လာရေးဂြိုဟ်တုတစ်ခုက ပထမဆုံးတွေ့ရှိခဲ့သည်။
လ ၏ ၀င်ရိုးစွန်းဒေသများတွင် ရေခဲအချို့ရှိနေနိုင်မည်ဟု NASA မှ အာကာသသုတေသီများက ပြီးခဲ့သည့် ရာစုနှစ်အကုန်ပိုင်းကတည်းက ခန့်မှန်းခဲ့ကြသော်လည်း လမျက်နှာပြင်ပေါ်တွင် ရေမော်လီကျုးများတွေ့ရှိမှုမှာမူ ယခုအကြိမ်သည် ပထမဆုံးပင်ဖြစ်သည်။
သို့ရာတွင် အဆိုပါ ရေမော်လီကျူးအနည်းငယ်မျှည် အချိန်နှင့်အမျှ နေရာပြောင်းလဲတည်ရှိနေခြင်းဖြစ်သည်။
သို့ရာတွင် ယခုတွေ့ရှိမှုနှင့်ပတ်သက်၍ နောက်ပိုင်း လပေါ်သို့ လူသားစေလွှတ်ရာတွင် ယခုထက်ပိုမိုတိကျစွာသိရှိနိုင်လာလိမ့်မည်။
“လပေါ်မှာ ရေရှိတယ်ဆိုရင် လပေါ်သွားမယ့် လူသားတွေအတွက် အင်မတန်အကျိုးရှိမှာပါ။ နောက်ပိုင်းလေ့လာရေးမစ်ရှင်တွေအနေနဲ့ လပေါ်မှာ သက်တောင့်သက်သာရှိလာမှာဖြစ်တဲ့အပြင် လပေါ်မှာ လူသားတွေ နေထိုင်နိုင်ဖို့အတွက်လဲ အလားအလာရှိလာပါပြီ”ဟု NASA မှ အာကာသသုတေသီတစ်ဦးကပြောသည်။
Ref: Water on the Moon BOMBSHELL: NASA satellite observes 'moving water' on Moon's surface
Popular News Journal







0 comments:
Post a Comment