Monday, March 11, 2019

နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲ တရုတ်နိုင်ငံသား အများဆုံး လာရောက်


နှစ်စဉ် ကျင်းပ ပြုလုပ်လျက်ရှိသည့် ကျောက်မျက်ရတနာပြပွဲကို ၅၆ ကြိမ်မြောက်အဖြစ် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မနေ့က စတင် ကျင်းပရာ တရုတ်နိုင်ငံသား အများဆုံး လာရောက်ရန် စာရင်းပေးထားသည်။ 
တရုတ်နိုင်ငံသား ၄၀၀၀ ကျော်အထိ နေပြည်တော်သို့ ရောက်ရှိနေပြီး ၄င်းတို့အပြင် ထိုင်း နိုင်ငံသား ၂၀ ကျော်၊ သြစတေးလျ ၁ ဦး၊ အမေရိကန်မှ ၂ ဦးနှင့် အိန္ဒိယ နိုင်ငံသား ၁ ဦး တက်ရောက်မည် ဖြစ်ကြောင်း ဖွင့်ပွဲနေ့ စာရင်းအရ သိရသည်။ 

ယခု အကြိမ်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၆၉၇၄ တွဲ၊ ကျောက်မျက်တွဲပေါင်း ၅၀၀၊ ပုလဲတွဲပေါင်း ၂၇၄ တွဲ ပြသ ရောင်းချမည် ဖြစ်ကြောင်းလည်း ပြပွဲကော်မတီထံမှ သိရသည်။ 






ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

0 comments:

Post a Comment