Tuesday, March 5, 2019

တရားမဝင်သစ်ဖမ်းဆီးရမိရေး သတင်းပေးသူနှင့် ပူးပေါင်းဆောင်ရွက်သူများအား ဆုကြေးငွေပေးသည့် စနစ်ကိုကျင့်သုံးနေပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပြည်ခရိုင်အတွင်း ဆုကြေးငွေ သိန်းငါးရာကျော် ပေးအပ်ခဲ့


တရားမဝင် သစ်ဖမ်းဆီးရမိရေး သတင်းပေးသူနှင့် ပူးပေါင်းဆောင်ရွက်သူများကို ဆုကြေးငွေပေးသည့်စနစ်ကို ကျင့်သုံးနေပြီး ၂၀၁၇-၁၈ ခုနှစ်တွင် ပြည်ခရိုင်အတွင်း ဆုကြေးငွေကျပ် သိန်း ၅၀၀ ကျော် ပေးအပ်ခဲ့ကြောင်း ပြည်ခရိုင်သစ်တောဦးစီးဌာနရုံးက သိရသည်။ 
ပြည်ခရိုင်အတွင်း တရာမဝင်သစ်ဖမ်းဆီးရာတွင် ၂၀၁၇- ခုနှစ်ထက် ၂၀၁၈ ခုနှစ်တွင် ပိုမိုဖမ်းရမိခဲ့ပြီး ယင်းသို့ဖမ်းဆီးရမိရေးအတွက် အဓိကအချက်ဖြစ်သည် ဒေသခံပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ်ကို ကျင့်သုံးနေပြီး သတင်းပေးသူနှင့် ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် ဌာနဝန်ထမ်းများ၊ သစ်တောလုံခြုံရေး၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဒေသခံများကိုပါ ဆုကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့က တရားမဝင်သစ်ဖမ်းဆီးရမိရေးမှာ ဒေသခံပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ် အဲဒီစနစ်ကို ကျွန်တော်တို့ဌာနကလုပ်ထားတော့ ဒေသတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေက သူတို့ရဲ့အနီးနားတစ်ဝိုက်မှာ တရားမဝင်သစ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေရလို့ရှိရင် ကျွန်တော်တို့ဆီကို Hotline နံပါတ်တွေကတစ်ဆင့် သတင်းပို့လို့ရနိုင်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့က အချိန်နဲ့တစ်ပြေးညီ တရားမဝင်သစ်ဖမ်းဆီးမှုတွေကို လုပ်နိုင်တဲ့အတွက် ဖမ်းဆီးရမိမှုပမာဏတွေ ပိုတိုးလာတယ်လို့လည်း မြင်တယ်” ဟု ပြည်ခရိုင်သစ်တောဦးစီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦးက ပြောကြားသည်။ 

သတင်းပေးသူများ၏ လုံခြုံရေးစိတ်ချနိုင်စေရန် ဆုကြေးချီးမြှင့်ရာတွင် အထက်ဌာနများက တိုက်ရိုက်ဆုချီးမြှင့်ပြီး ဖမ်းဆီးရမိသည့် သစ်ပမာဏနှင့် သစ်အမျိုးအစားပေါ်မူတည်ပြီး ရာခိုင်နှုန်းတွက်ချက်ကာ ဆုကြေးကိုသတ်မှတ်ထားပြီး ခွဲဝေပေးခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ဧပြီလမှ ၂၀၁၈ ဇန်နဝါရီလအထိ ဖမ်းဆီးရမိမှုမှာ ကျွန်း၊ သစ်မာ၊ တခြားသားစုစုပေါင်း ၇၈၃ ဒသမ ၉၅၅၈ တန်၂၀၁၈ ဧပြီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ဖမ်းဆီးရမိမှုမှာ ကျွန်း၊ သစ်မာ၊ တခြားသားစုစုပေါင်း ၉၇၇ ဒသမ ၃၄၄ တန်ဖြစ်ရာတန် ၂၀၀ နီးပါးခန့်ပိုမိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment