Thursday, March 14, 2019

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကို သတ်ဖြတ်မှုနဲ့ သံသယရှိသူ ဗီယက်နမ်အမျိုးသမီးကို ပြန်လွှတ်ပေးရန် တောင်းဆို


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူကို သတ်ဖြတ်မှု သံသယနဲ့ မလေးရှားမှာ ဖမ်းဆီးထားသူ ဗီယက်နမ်အမျိုးသမီး ဒိုအန်းသီဟောင်းကို ကြာသပတေးနေ့မှာ တရားရုံးတင် ကြားနာစစ်ဆေးပါတယ်။ 
၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးအန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံးနမ်ဟာ ဓာတုအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ 

ဒီသတ်ဖြတ်မှုမှာ သံသယရှိသူအဖြစ် ဒိုအန်းအပြင် အင်ဒိုနီးရှား အမျိုးသမီး ဆစ်တီအစ်စာယက်စ်ကိုပါ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ဆစ်တီကိုတော့ တနင်္လာနေ့က ရုတ်တရက် ပြန်လည်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် ဗီယက်နမ်နိုင်ငံက ဒိုအန်းကို ပြန်လွှတ်ပေးဖို့ မလေးရှားနိုင်ငံကို အင်္ဂါနေ့မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ဆစ်တီကို ပြန်လွှတ်သလိုပဲ ဒိုအန်းကိုလည်း ပြန်ပေးရမှာဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းက ၎င်းနဲ့ အဆင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဒိုအန်းနဲ့ ဆစ်တီတို့ဟာ ရုပ်မြင်သံကြား ဟာသကဏ္ဍအတွက် လုပ်ဆောင်ပေးရမယ်ဆိုပြီး လူတစ်စုက ငွေပေးခိုင်းစေတာကြောင့် ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးနမ်ရဲ့ မျက်နှာကို မှုတ်ဆေးနဲ့ သွားဖြန်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို မှုတ်ဆေး အဖျန်းခံရပြီးနောက်မှာ ကင်ဂျုံးနမ်ဟာ သတိလစ်မေ့မျောပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment