အင်ဒိုနီးရှားနိုင်ငံ အရှေ့စွန်းပိုင်းမှာ မိုးကြီးလို့ ရုတ်တရက် ရေကြီး မြေပြိုခဲ့တဲ့အတွက် လူ ၅၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ အာဏာပိုင်တွေက မတ်လ ၁၇ ရက်မှာ ပြောပါတယ်။
ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရပြီး လူအယောက် လေးထောင်ကျော်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရတာပါ။
ရုတ်တရက် ရေကြီးတဲ့ဒဏ်ကို စနေညနေက ခံခဲ့ရတဲ့ စန်တာနီမြို့ထဲမှာ ရေဘေးသင့် လူတွေကို ရှာနေပါတယ်။
အဲဒီမြို့မှာတင် လူ ၅၁ ယောက် သေဆုံးပြီး ၇၄ ယောက် ဒဏ်ရာရတယ်လို့ အမျိုးသား ကပ်ဘေးဌာန ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မိုးကြီးလို့ အနားက ဂျယာပူရခရိုင်မှာလည်း မြေပြိုခဲ့တဲ့အတွက် လူ ၇ ယောက် သေဆုံးတယ်လို့ သူက ဆက်ပြောပါတယ်။
တံတား ၃ စင်း၊ ရာနဲ့ချီတဲ့ အိမ်တွေနဲ့ လေဆိပ်မှာ ဆိုက်ကပ်ထားတဲ့ လေယာဉ် ၂ စီးလည်း ရေကြီးလို့ ပျက်စီးခဲ့ပါတယ်။
ပြည်နယ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေး အချက်အခြာ စန်တာနီ လေဆိပ်ကိုတော့ ဆက်ဖွင့်ထားပါတယ်။
DVB







0 comments:
Post a Comment