နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ် ခံစားခွင့်ရှိပြီး သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကြီး ခြောက်ခု နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ၎င်းဒေသများ၌ ပညာသင်ကြားပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများကို မူလပုံမှန် ပါဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်အောက် လျော့ပေါ့၍ ဆေးတက္ကသိုလ်များ ၀င်ခွင့်ပြုထားကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မတ်လ ၁၁ ရက်တွင်ပြောသည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရေဖြူ မဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးက မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များဝင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်များ၏ လူဦးရေအပေါ်အခြေခံပြီး အချိုးကျခေါ်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
ဆေးပညာကို အမှန်တကယ် ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရေအသွေးပြည့်ဝသော ဆရာဝန်ကောင်းများ ပေါ်ထွန်း လာစေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး ဆေးတက္ကသိုလ် များသို့ ၂၀၁၂ ပညာသင်နှစ်မှ ၂၀၁၆ ပညာသင်နှစ်အထိ စုစုပေါင်းဝင်ခွင့်ပြု ကျောင်းသားဦးရေ၏ ၃ ရာခိုင်နှုန်းကို ၎င်းဒေသမှ ကျောင်းသားကျောင်းသူများအတွက်လည်းကောင်း၊ ၂၀၁၇ ပညာသင်နှစ် မှစပြီး ၆ ရာခိုင်နှုန်းကို ၎င်းဒေသမှ ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း ဝင်ခွင့်ပြုထားပါကြောင်းနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ဆေးတက္ကသိုလ်တက် ရောက်ခွင့် ပြုခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
The Ladies News







0 comments:
Post a Comment