မောင်တောမြို့နယ်တွင် ငွေကျပ် ၃,၁၁၂ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ၊ ယင်းအပြင် လောက်ကိုင်၊ မူးဆယ် မြို့နယ်တို့မှလည်း စိတ်ကြွဆေးများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မတ် ၁၁ ရက် ၂၃၄၀ အချိန် တပ်မတော်(ရေ)မှ မောင်တောမြို့နယ်၊ ဦးစောလှကျွန်း၏ မြောက် ဘက်၊ နတ်မြစ်အတွင်း လက်ခတ်လှေ တစ်စီးနှင့်အတူ နော်ဘီအူလာနှင့် မိုဟာမက်ဂျူဘိုင်တို့ (၂)ဦးအားတွေ့ရှိ၍ ရှာဖွေရာ ဆာလာအိတ်(၂)အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅,၆၁၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် နော်ဘီအူလာ(၂၆)နှစ်နှင့် မိုဟာမက်ဂျူဘိုင်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မတ် ၁၂ ရက် ၁၄၀၀ အချိန် တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ဟဲဟော်ကျေးရွာအနီး ဖျင်ပါးရွှေ- ဟဲဟော်-ဟွာတီရှမ်းကျေးရွာ လမ်းတွင် တွမ်အဲမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကို ရပ်တန့်ရှာဖွေရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀,၁၇၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် တွမ်အဲ(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း၊ ယင်းအပြင်
မတ် ၁၂ ရက် ၁၂၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၃)လမ်း၊ စိန်ကမ္ဘာတိုက်တန်း၊ အခန်းအမှတ်(G-8)နေ ညီထွန်း၏နေအိမ်ကိုရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြား၊ အိပ်ခန်းအတွင်းရှိ သံပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ညီထွန်း(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။









0 comments:
Post a Comment