Thursday, March 14, 2019

နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ဗလီများတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ ၉ ဦး သေဆုံး၍ လူ ၅၀ ခန့် ဒဏ်ရာရ


နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့တွင် အနည်းဆုံး ဗလီနှစ်ခုအတွင်း သေနတ်သမားများ ၀င်ရောက်ပစ်ခတ်မှု့ဖြစ်ပွားနေရာ လူအမြောက်အများ သေဆုံး ဒါဏ်ရာရရှိသည်ဟု နိုင်ငံတကာ မီဒီယာများက အရေးကြီးကြားဖြတ် သတင်းအဖြစ်ဖော်ပြလျှက်ရှိသည်။ 
ခရစ်ချတ်မြို့၌ ဒေသစံတော်ချိန် သောကြာနေ့ မွန်းလွဲ ၀၁း၄၀ နာရီတွင် မတ်စ်ဂျစ်အယ်နူး ဗလီအတွင်း ၀တ်ပြုသူများ ရောက်ရှိ၍ ၁၀ မိနစ်ခန့်အကြာ၌ သေနတ်နှင့် ၀င်ရောက်ပစ်ခတ်ခြင်းခံရသည်။ သေနတ်နှင့် ပစ်ခတ်သူသည် ရွှေရောင်ဆံပင်နှင့် ကျည်ကာအင်္ကျိင်္ီဝတ်ဆင်ထားသော လူဖြူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 
ဒုတိယပစ်ခတ်မှုမှာ လိုင်းဝုဒ်မတ်စ်ဂျစ် ဗလီအတွင်းဖြစ်ပြီး သေနတ်သမားမှာ စစ်သုံးပုံဖျက်ဝတ်စုံ ၀တ်ဆင်ထား၍ မော်တော်ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည်။ 
ပစ်ခတ်မှုများတွင် လူ ၉ ဦးသေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း ဒါဏ်ရာရရှိသူ ၅၀ ခန့်ရှိသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။ သေနတ်သမား လွတ်မြောက်နေ သည်ဟုလည်းကောင်း၊ လက်ထိပ်ခတ်လျှက် လူတစ်ဦးကို ရဲများ ခေါ်ဆောင်သွား သည်ဟုလည်း ပြောကြပြီး ဗုံးတစ်လုံးရှာဖွေတွေ့ရှိသည် ဟုလည်း ပြောဆိုကြသည်။ 
နယူးဇီလန် အစ္စလာမ်အစည်းအရုံး ဖက်ဒရေးးရှင်းကမူ သောကြာနေ့ ပတ်ခတ်မှု ဖြစ်စဉ်များ၌ လူ ၅၀ ဒဏ်ရာ ရရှိကြောင်း သတင်းထုတ်ပြန်သည်။ ခရစ်ချတ်မြို့လယ်ပိုင်းကို ရဲတပ်ဖွဲ့က ထိန်းသိမ်းဆောင်ရွက်လျှက်ရှိ၍ အခင်းဖြစ်ပွားရာနေရာများ၌ အရေးပေါ်လူနာတင်ကား အစီး ၂၀ ကို တွေ့မြင်ကြရသည်။ လတ်တစ်လောတွင် ဆေးရုံသို့ ရောက်ရှိလာသူ ၆ ဦးရှိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။


Htay Oung (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment