Thursday, March 28, 2019

ရန်ကုန်မြို့လယ် လမ်းမတော်ကျုံးကြီးမြောင်းမှာပြုလုပ်တဲ့ CleanUp Challenge


ရန်ကုန်မြို့လယ်ကောင် တစ်ဝိုက်က ရေမြောင်းအချို့ဟာဆိုရင် လမ်းမတော်ကျုံးကြီးမြောင်းထဲ ပေါင်းဆုံစီးဝင်ကြပါတယ်။ 
မြောင်းတကာမြောင်းထဲက အမှိုက်တွေဟာ ကျုံးကြီးမြောင်းထဲစီးဝင်ကုန်ကြတဲ့အပြင်၊ အနီးပါတ်ဝန်းကျင်က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် လမ်းမတော်ကျုံးကြီးမြောင်းထဲမှာ အမှိုက်တွေ စုပြုံပြီးညစ်ပါတ်ကာ နံစော်လျှက်ရှိနေပါတယ်။ 

ဒီညစ်ပါတ်နံစော်နေတဲ့ အမှိုက်တွေကို စည်ပင်ဝန်ထမ်းအချို့ရဲ့ အကူအညီကိုရယူပြီး လမ်းသစ်အိမ်ရာစီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သားတွေဟာ လမ်းမတော်ကျုံးကြီးမြောင်းထဲဆင်းပြီး CleanUp Challenge လှုပ်ရှားမှုတစ်ခုကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ 
CleanUp Challenge မဆောင်ရွက်မှီက အခြေအနေနဲ့ ဆောင်ရွက်ပြီးအခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။ 
သန့်ရှင်းရေးဆောင်ရွက်သူတွေက သူတို့ဟာ ရန်ကုန်သာယာသန့်ရှင်းစေဖို့ ကူညီတာဖြစ်တယ်လို့ ပြောကြပြီး ပြည်သူတွေဘက်ကလည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာမျိုးမပြူလုပ်ဘဲ ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် စည်းကမ်းမဲ့ အမှိုက်တွေကို စေတနာ့ဝန်ထမ်းသန့်ရှင်းရေး ကူညီဆောင်ရွက်ပေးသူတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ခုလို မရွံမရှာဆောင်ရွက်နေကြတာကို စာနာနားလည်ပေးတဲ့ အနေနဲ့ အမှိုက်များကို အမှိုက်ပုံအရောက်၊ အမှိုက်ပုံးထဲ အရောက် စည်းကမ်းတကျစွန့်ပစ်ကြဖို့ကိုလည်း CleanUp Challenge ဆောင်ရွက်သူတို့က တိုက်တွန်းနှိုးဆော်ချင်ပါတယ်လို့ ပြောကြပါတယ်။













Popular News Journal 

0 comments:

Post a Comment