Saturday, March 16, 2019

ICC ကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်


အမေရိကန်တပ်ဖွဲ့တို့ အာဖဂန်နစ္စတန်နှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်ပြုမူခဲ့ခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး(ICC)မှဝန်ထမ်းများက အမေရိကန်နိုင်ငံသို့ လာရောက်စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဆိုခြင်းကို ပြည်ဝင်ခွင့်ဗီဇာပေးရန် အမေရိကန်အစိုးရကငြင်းဆိုလိုက်သည်။ 
အကယ်၍ ICC အနေဖြင့် အမေရိကန်နိုင်ငံ(သို့) အမေရိကန်နိုင်ငံနှင့်ပတ်သက်ဆက်နွယ်နေသူတို့အပေါ် စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်ဦးမည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုအပါအ၀င် ရှေ့ဆက်ဆောင်ရွက်ရန်အတွက် ခြေလှမ်းများကိုလည်း အမေရိကန်အစိုးရက အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကပြောသည်။ 

”ICC ဟာ အမေရိကန်ရဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ခိုက်တာပဲ။ ICC အနေနဲ့ လုပ်ငန်းစဉ်တွေကိုပြောင်းလဲဖို့ရာ နောက်မကျသေးပါဘူး။ အမြန်ဆုံးပြောင်းလဲဖို့ကိုလဲ ကျုပ်တို့က တိုက်တွန်းပါတယ်”ဟု မိုက်ခ်ပွန်ပီယိုက သတင်းထောက်များအားပြောသည်။ 

ယခု ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်တားမြစ်ခြင်းမှာ ပထမဆုံး အရေးယူဆောင်ရွက်ခြင်းသာဖြစ်ကြောင်းကိုလည်း သူကပြောသည်။ 

အမေရိကန်ပြည်ထောင်စုသည် ICC သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

Ref: US to deny visas for ICC members investigating alleged war crimes
Popular News Journal 

0 comments:

Post a Comment