အာဆီယံခရီးသွားလုပ်ငန်းထူးချွန်ဆုပေးပွဲ ၂၀၁၈ တွင် JTB Corporation နှင့် JTB Polestar မှ ပူးပေါင်းစီစဉ်သည့် YTV Asapara! (TV အစီအစဉ်) နှင့် LOOK JTB ၏ အထူးခရီးစဉ် “မင်္ဂလာပါ မြန်မာ” က အကဲဖြတ်ဒိုင်များ ရွေးချယ်ဆုံးဖြတ်သည့် အထူးဆု(Jury’s Special Award )ကို ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ယခုလ ၆ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာအာဆီယံ-ဂျပန်စင်တာသည် အာဆီယံနိုင်ငံများအတွင်းရှိ ခရီးစဉ်များ အနက်မှ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံ၏ သာယာလှပမှုများကို မိတ်ဆက်ပေးပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့စေနိုင်သည့် ခရီးစဉ်များကို ရွေးချယ်ကာ အာဆီယံခရီးသွားလုပ်ငန်းထူးချွန်ဆု အဖြစ် ကြေငြာခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ် စုစုပေါင်း ၇၆ ခု အနက်မှ အဓိက အမျိုးအစား ၆ မျိုးခွဲခြားကာ ထူးခြား ကောင်းမွန်သည့် ခရီးစဉ် ၁၁ မျိုးကို ရွေးချယ်၍ ဆုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆုပေးပွဲ၏အကဲဖြတ်ဒိုင်အဖွဲ့ကို ဂျပန်နိုင်ငံခရီးသွား လုပ်ငန်းအသင်း (JATA)၊ ဂျပန်နိုင်ငံ ပြည်ပခရီးစဉ် စီစဉ်သူများအသင်း (OTOA)၊ နှင့် အာဆီယံ-ဂျပန်စင်တာမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး ၊ခရီးစဉ်(၇၆)ခုကို အကဲဖြတ်ဒိုင်အဖွဲ့ မှ ဂရုတစိုက် သေချာစိစစ် အကဲဖြတ်ကာ ဆုရရှိသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆုရရှိခဲ့သည့် “မင်္ဂလာပါ မြန်မာ” ခရီးစဉ်အား စတင်မိတ်မဆက်ခင်အချိန်က မြန်မာနိုင်ငံ သို့လာ ရောက်သည့် ဂျပန်လူမျိုး ခရီးသွားဧည့်သည်အများစုမှာ သက်ကြီးပိုင်းစုံတွဲများနှင့် အမျိုးသားအုပ်စုများသာ ရှိခဲ့သောကြောင့် ယခုအခါတွင် အဓိက တီဗွီအစီအစဉ် ကြည့်ရှုသူများဖြစ်သည့် အမျိုးသမီးများကို ပစ်မှတ်ထားကာ မြန်မာနိုင်ငံသည် အမျိုးသမီးခရီးသွားများ သွားသင့်သည့် ဒေသတစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့ကာယခုကဲ့သို့ မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် ခရီးသွားလာရန်ခက်ခဲ့သည့် နိုင်ငံတစ်ခုဟု ထင်မှတ်နေသော အမျိုးသမီးခရီးသွား ဧည့်သည်များ၏ အမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း သိရသည်။ JTB Polestar သည် ဂျပန်နိုင်ငံရှိJTB ကော်ပိုရေးရှင်းကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ Myanmar Polestar DMC & MICE Management ကုမ္ပဏီနှင့် ပူးပေါင်းကာ တည်ထောင်ထားသော ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။
#Pyi Myanmar







0 comments:
Post a Comment