Sunday, March 17, 2019

မြန်မာနိုင်ငံ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း စကားဝိုင်း(MPAN Talk - 2) ယနေ့ တိုက်ရိုက်ထုတ်လွှင့်မည်



မြန်မာနိုင်ငံ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း စကားဝိုင်း(MPAN Talk - 2)ကို ဒီကနေ့ မွန်းလွဲ (၁)နာရီကနေစတင်ပြီး Popular News Journal နဲ့ MPAN-Myanmar Public Administration Network တို့ရဲ့ facebook စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။ 


ဒီစကားဝိုင်းကို “ပြည်သူ့အတွက် အနာဂတ်စည်ပင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး MPAN ဥက္ကဌ ဦးစောလုလုထော်က Moderator အဖြစ်ဆောင်ရွက်မှာဖြစ်ကာ မဲဆန္ဒနယ်မြေ အမှတ်(၁)၊ အမှတ်(၄)နဲ့ အမှတ်(၅)တွေက စည်ပင်ကော်မတီဝင်ကိုယ်စားလှယ်လောင်းများဖြစ်ကြတဲ့ ဦးဇော်သန့်၊ ဦးထင်အောင်ကျော်ထက်၊ ဦးမျိုးမြင့်နဲ့ ဦးမျိုးသော်တို့က ဆွေးနွေးပြောကြားကြမှာဖြစ်ပါတယ်။ 
မြန်မာနိုင်ငံ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း (Myanmar Public Administration Network - MPAN)ကို NGO တစ်ခုအဖြစ်ဖွဲ့စည်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့မှာ တရားဝင်ခွင့်ပြုချက်ရခဲ့တာဖြစ်ပါတယ်။ 
လက်ရှိ ၂၀၁၈ခုနှစ်ကနေ ၂၀၂၃ ခုနှစ်သက်တမ်းရဲ့ MPAN ဗဟိုအလုပ်အမှုဆောင်တွေကတော့ CEC အယောက် ၄၀ရှိပြီး EC ၈ ဦးရှိပါတယ်။ 
ဥက္ကဌအဖြစ် ဦးစောလုလုထော်က တာဝန်ယူထားပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါ်အေးသန္တာခိုင်က တာဝန်ယူထားပါတယ်။ 
MPAN ဟာ နိုင်ငံတကာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်အသင်းတစ်ခုလည်းဖြစ်ပါတယ်။ 
မကြာသေးမီ ရက်ပိုင်းအတွင်းကပဲ MPAN နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရဲ့ ပြည်သူ့ရေးရာမူဝါကျောင်းတို့အကြား နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
MPAN Talk - 1 စကားဝိုင်းကို ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က Popular News Journal နဲ့ MPAN-Myanmar Public Administration Network တို့ရဲ့ facebook စာမျက်နှာတွေကနေပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသေးတယ်။

Popular News Journal 

0 comments:

Post a Comment