သာကေတမြို့နယ် သာကေတစက်မှုဇုန် မြန်မာ့ဂုဏ်ရည်လမ်းရှိ YD အရက်ချက်စက်ရုံ၏ 33 KV Transformer မီးလောင်မှု ယနေ့ (မတ်လ ၅ ရက်) ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။
ဲ"အုန်းဆိုအသံကြားပြီးတာနဲ့ မီးလုံးကြီးက တက်လာတာ ၊ ကြားတာနဲ့ အောက်ထပ်ကို ဆင်းကြတယ်၊ အောက်ရောက်တော့ မီးညွန့်တွေ အများကြီးနဲ့ မီးတွေ လောင်နေပြီ၊ မီးစလောင်လောင်ခြင်း ရုံးကယောကျာ်းလေးတွေက ရုံးမှာ ဆောင်ထားတဲ့ မီးသတ်ဆေးဗူးတွေ ကိုင်ပြီး ဝိုင်းပြီး ငြှိမ်းကြတယ်၊ ၁၀ မိနစ်လောက်နေတော့ မီးသတ်ကား ရောက်လာတယ်၊ အဲ့ဒီအချိန်မှာ ဘွိုင်လာအိုးကြီးတွေကို မီးကစွဲနေပြီ၊ မီးမလောင်သေးတဲ့ ဂစ်အိုးတွေလည်း အများကြီးဘဲ ၊ ဒီလို အန္တရာယ်များတဲ့ စက်ရုံကို သေချာစိစစ် အရေးယူသင့်တယ်" ဟု မီးလောင်ကျွမ်းရာနေရာတွင် ရှိနေသူ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသော YD အရက်ချက်စက်ရုံသည် မီးဘေးအန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိခြင်းကြောင့် မီးသတ်ဦးစီးဌာနသို့လည်းကောင်း၊ YD စက်ရုံဘက်မှ လျှပ်စစ် Transformer မှာ စည်းကမ်းမဲ့ ကျူးကျော်ထားရှိခြင်းအတွက် လည်းကောင်း သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားထားပြီး ဖြစ်သည်။ ယင်းသို့ တိုင်ကြားထားမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထွေအုပ်ရုံးသို့လည်း အသိပေးထားပြီး ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment