ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း AA ရခိုင်လက်နက်ကိုင် အဖွဲ့ အမည်ခံပြီး သတင်းမီဒီယာတိုက်တွေကို အကြမ်းဖက်မယ်၊ ဗုံးခွဲတိုက်ခိုက်မယ် စသဖြင့် ခြိမ်းခြောက်စာ ပို့သူများသည် သူတို့ AA ရခိုင်တပ်ဖွဲ့ မှ မဟုတ်ကြောင်း၊ AA အနေနဲ့ သတင်းမီဒီယာတွေကို ယခုလို သဘောထားမျိုး မရှိကြောင်း AA ပြောခွင့်ရ ခိုင်သုခ က သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။
ဒါပေမယ့် အဲလို ခြိမ်းခြောက်စာ ပေးပို့တာနဲ့ ပတ်သက်ပြီး AA တပ်ဖွဲ့ဘက်ကတော့ တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးတော့ မလုပ်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ မီဒီယာတိုက်တွေကို အဲလို ခြိမ်းခြောက်စာ ပေးပို့သူဟာ AA အဖွဲ့က ဟုတ်လား၊ မဟုတ်ဘူးလား မပြောနိုင်ဘူး ဆိုပြီး One News ကို ပြောပါတယ်။ “ ဒီလို ဗုံးခွဲမယ် ဘာညာဆိုတာကတော့ တကယ်အခြေအမြစ်ရှိလား၊ မရှိလားတော့ မသိဘူးပေါ့။ သို့သော် သတိပြုစရာအနေထားလို့ မြင်ပါတယ်။ စိုးရိမ်စရာလို့ မမြင်ပါဘူး၊ တိုက်တွေအနေနဲ့ကတော့ သတိပြုဖို့တော့ ပြောချင်တယ်။” လို့ ဦးမြင့်ကျော်က ပြောပါတယ်။ အကြမ်းဖက်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေကို အလဲဗင်း၊ ဆဲဗင်းဒေး၊ ဒီဗွီဘီ၊ မဇ္ဇျိမ၊ One News နဲ့ မီဒီယာတိုက် အတော်များများ လက်ခံရရှိခဲ့ကြပါတယ်။
“ AA အဖွဲ့ကရယ်လို့ မဟုတ်ဘူး နားလည်တာကတော့ အကြောင်းအရာက AA အကြောင်းကို ပြောတာ၊ ပို့တဲ့သူကတော့ ဘယ်သူ၊ဘယ်ဝါ ဘယ်အဖွဲ့ကလည်းတော့ မသိဘူး၊အဲလို နားလည်ထားတယ်။ AA က ပို့တယ်လို့တော့ နားမလည်ထားဘူးလေ၊ AA က ပို့တာ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူး၊ ပို့တဲ့သူကိုယ်တိုင်ကလည်း ဘယ်အဖွဲ့ကရယ်လို့ ပြောထားတာ မဟုတ်ဘူး၊ အခုလို ပို့လာတဲ့အပေါ်မှာ တိုက်တွေအနေနဲ့ သတိပြုဖို့ပါပဲ၊ စိုးရိမ်စရာလို့ ကျွန်တော်တို့ မမြင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအကောင့်က ဘယ်သူ၊ဘယ်ဝါမှန်းလည်း မသိဘူး၊ ပြီးတော့ ဖေ့ဘွတ်အကောင့်ဆိုလည်း လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ဖွင့်တဲ့ အကောင့်လိုမျိုးဖြစ်နေတယ်၊ ပြောချင်တာက အဖွဲ့အစည်းထဲကတစ်ယောက်လား ဘာလားဆိုတာ မှန်းဆလို့မရတဲ့အနေထားပေါ့နော်၊ ဆိုလိုချင်တာက ဒီလို ဗုံးခွဲမယ်ဘာညာဆိုတာကတော့ တကယ်အခြေအမြစ် ရှိလား၊ မရှိလားတော့ မသိဘူးပေါ့။ သို့သော် သတိပြုစရာအနေထားလို့ မြင်ပါတယ်။ စိုးရိမ်စရာလို့ မမြင်ပါဘူး၊ တိုက်တွေအနေနဲ့ကတော့ သတိပြုဖို့တော့ ပြောချင်တယ်။ ဒီလိုပဋိပက္ခသတင်းတွေရေးတဲ့အခါ ဒီလိုခြိမ်းခြောက်မှ မဟုတ်ဘူး၊ ဘက်တစ်ဖက်ကို အသားပေးရေးတာမျိုး မဖြစ်အောင် အမြဲ သတိပြုရမယ်၊ ဒါက နဂိုကျင့်ဝတ်တွေမှာ ရှိပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီး သူတို့အဖွဲ့က ခိုင်သုခအောင် ကိုယ်တိုင်က မဟုတ်ဘူးလို့ ပြောထားတော့ ဒါကို အရေးထားစရာမဟုတ်ဘူးလို့ ထင်ပါတယ်။ အရင်တုန်းကတော့ အခုလိုမျိုး တိုက်တွေကို စာပို့ ခြိမ်းခြောက်တာမျိုးတော့ မကြုံခဲ့ရဖူးဘူး၊ ပဋိပက္ခတွေမှာ သတင်းလိုက်တာတော့ အန္တရာယ်ရှိတာတော့ ကြုံရတာပေါ့၊ အမြဲတမ်းအန္တရယ်ရှိတဲ့ အနေအထားမှာ ရှိပါတယ်၊”
သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော် One News ကို ဖြေကြားချက် အပြည့်အစုံ။
One News Myanmar
0 comments:
Post a Comment