ဖားကန့်မြို့နယ်အတွင်း မြေပြိုကျ၍ အလုပ်သမား ကျား ၁ ဦးသေ၊ ၁ ဦး ပျောက်ဆုံး၊ မြေသယ်ယာဉ် ၃ စီး၊ ဘတ်ဟိုး ၂ စီး နစ်မြုပ်မှု ဧပြီ ၂၃ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဖားကန့်မြို့နယ်၊ အတွင်းရှိ KNDPC ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် ဒေါ်အေးအေး(စိစစ်ဆဲ)ပိုင် ဟိန်းအောင်လင်းထက် ကုမ္ပဏီလုပ်ကွက်အမှတ် (၂၉၆/၂၉၇) အတွင်း ခန့်မှန်း(KJ-၂၉၈၃၆၁)၌ ယခင်နွံအိုင်အား မြေဖို့ထားသောနေရာမှ ရုတ်တရက်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လုပ်ကွက်အတွင်း၌ ဦးအောင်တင့်(၄၂)နှစ်၊ (ဘ)ဦးသောင်းအိမ်၊ ထန်းပင်ဆိပ်ကျေးရွာ၊ တန့်ဆည်မြို့နယ် နေသူမှာ မြေပိသေဆုံးခဲ့၍ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် မဲလှအောင် (၂၄)နှစ်၊ (ဘ)ဦးကျော်စိန်၊ ဆားပုံကျေးရွာ၊ ကျောက်တော်မြို့နယ်နေသူနှင့် မြေသယ်ယာဉ် ၃ စီး၊ ဘတ်ဟိုး ၂ စီးတို့မှာ မြေမြုပ်ပျောက်ဆုံးလျက်ရှိပြီး တူးဖော်ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ ဖားကန့်မြို့နယ် အတွင်း ဧပြီ ၂၂ ရက် ညပိုင်းက နွံကန်ပေါက်ကျမှုနှင့်ပတ်သက်၍ အလုပ်သမား ၃ ဦး ဒဏ်ရာရ၊ ၅၄ဦး၊မြေသယ်ယာဉ် ၁၅စီး၊ ဘတ်ဟိုး ၁၉စီး ကျောက်ဖောက်စက် ၅စီးနစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။
ဖားကန့်မြို့နယ်၊ ရှေ့တန်းအမှတ်(၄)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ဝင်းထွဋ်ဝင်းဦးစီးအဖွဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဦးတင်ထွန်း(၅၀)နှစ်၊ တရုတ်/ဗုဒ္ဓ၊ နမ္မဖြစ်ကျေးရွာ၊ ဖားကန့်မြို့နယ်နေသူပိုင်ယူနတီကုမ္ပဏီ၊ ဒုရဲအုပ် ရဲနောင် ဦးစီးအဖွဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဦးယွင်ရှီး(၆၃)နှစ်၊ ရှမ်း-တရုတ်/ဗုဒ္ဓ၊ မန္တလေးမြို့နေသူပိုင် ရွှေနဂါး ကိုးကောင်ကုမ္ပဏီနှင့် ဦးကျော်သူရ(စိစစ်ဆဲ)ပိုင် မြန်မာသူရကုမ္ပဏီများ၏ လုပ်ကွက်အလယ် ခန့်မှန်း (KJ -၃၀၆၃၆၂)ရှိ အကျယ် ၅ ဧက၊ အနက် ၁၀၀ ပေခန့် နွံကန်သည် ရွှေနဂါးကိုးကောင်ကုမ္ပဏီနှင့် မြန်မာသူရကုမ္ပဏီလုပ်ကွက်အတွင်းသို့ ပေါက်ကျခဲ့ရာ ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဦးထွန်းကျော်၊ (ဘ) ဦးညိုသိန်း၊ ပထီးကျေးရွာ၊ တန့်ဆည်မြို့နယ်နေသူပါ အလုပ်သမား ကျား ၂၆ ဦး၊ မြေသယ်ယာဉ် ၅ စီး နှင့် ဘတ်ဟိုး ၉ စီး၊ မြန်မာသူရကုမ္ပဏီမှ ဇေယျာဦး၊ (ဘ)ဦးသန်းဦး၊ ကန်ကြီးကုန်းကျေးရွာ၊ စစ်ကိုင်း မြို့နယ်နေသူပါ အလုပ်သမား ကျား ၂၈ ဦး၊ မြေသယ်ယာဉ် ၁၀ စီး၊ ဘတ်ဟိုး ၁၀ စီးနှင့် ကျောက်ဖောက် စက် ၅ စီးတို့မှာ နွံနစ်ပျောက်ဆုံးနေ၍ တူးဖော်ရှာဖွေခဲ့ရာ ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဦးငွန်ဇာကမ်၊ (ဘ)ဦးခိုင်ဒွန်း၊ ကျောဘုတ်ကျေးရွာ၊ ဟားခါးမြို့နေသူနှင့် မြန်မာသူရကုမ္ပဏီမှ ဝင်းထွန်းဦး(၃၈)နှစ်၊ (ဘ)ဦးကို၊ ဟန်မြင့်မိုရ်ကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူပါ ကျား ၂ ဦးတို့၏အလောင်းများအား လည်းကောင်း၊ ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ အောင်မိုး(၂၁)နှစ်၊ (ဘ)ဦးသန်းမောင်၊ ဗလခကျေးရွာ၊ ဖားကန့်မြို့နေသူပါ ကျား ၂ ဦးတွင် နောက်ကျော/ ဝဲလက် ပွန်းဒဏ်ရာ(မစိုးရိမ်ရ)၊ မြန်မာသူရကုမ္ပဏီမှ အောင်ကိုဦး(၁၉)နှစ်၊ (ဘ)ဦးထွန်းဝေ၊ ဗလခကျေးရွာ၊ ဖားကန့်မြို့နေသူတွင် ယာပေါင်ကျိုးဒဏ်ရာ (စိုးရိမ်ရ)နှင့် မြေသယ်ယာဉ် ၁ စီးတို့အား တွေ့ရှိခဲ့ပြီး အလောင်း ၃ လောင်းအား ဖားကန့်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၃ ဦးအား ဖားကန့်ပြည်သူ့ဆေးရုံမှတဆင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ ဦးငွာန်ဇာကမ်ပါ ကျား ၃ ဦးသေဆုံးမှုအား ဖားကန့်မြို့မရဲစခန်း သေမှု သေခင်း အမှတ်စဉ်(၁၀/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ရှာဖွေရေး လုပ်ငန်းအား ရပ်နားထားပြီး ဧပြီလ ၂၄ ရက်နေ့ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#The Ladies News









0 comments:
Post a Comment