နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်ဖို့ ထွက်ခွာသွားပါတယ်။
ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ လေယာဉ်ကြောင်း ခရီးစဉ်နဲ့ တရုတ်နိုင်ငံကို ထွက်ခွာသွားတာပါ။ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဒု ဥက္ကဋ္ဌ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကိုလည်း တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဒေါက်တာ စိုးဝင်းဦးက လူမှုကွန်ရက် Facebook မှာ ရေးသားထားပါတယ်။
MCN NEWS







0 comments:
Post a Comment