Sunday, April 28, 2019

စပိန်ရွေးကောက်ပွဲ မဲများ စတင်ရေတွက်၊ ဆိုရှယ်လစ်ပါတီ အသာစီးရနေ


စပိန်နိုင်ငံ ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွင်း ဧပြီ ၂၈ ရက်က မဲတွေကို စရေတွက်နေပါပြီ။ လက်ရှိ ရေတွက်ပြီးတဲ့အထိ ဆိုရှယ်လစ်ပါတီက အသာစီးရနေပေမယ့် မဲအများစု ရဖို့တော့ လိုနေပါသေးတယ်။ 
လက်ဝဲယိမ်းရော လက်ယာယိမ်းပါ ဘယ်နိုင်ငံရေး အုပ်စုကမှ မဲအများစုကို ရှင်းရှင်းလင်းလင်း မရသေးဘူးလို့ မဲ ၂၀ ရာခိုင်နှုန်း ရေတွက်ပြီးချိန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မဲရလဒ်က ပြထားပါတယ်။ 

ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် ဦးဆောင်တဲ့ စပိန် ဆိုရှယ်လစ်တွေက ရေတွက်ပြီးသမျှ မဲတွေရဲ့ ၃၀ ရာခိုင်နှုန်း ရထားပြီး လက်ဝဲစွန်း ယူနီဒက်စ် ပိုဒေမို့စ်ကတော့ ၁၄ ရာခိုင်နှုန်း ရထားပါတယ်။ 

လက်ယာယိမ်း ရှေးရိုးစွဲ ပီပီပါတီက ၁၇ ရာခိုင်နှုန်း ရထားပြီး လက်ယာဗဟို ကွေဒါဒါနော့စ် ပါတီက ၁၃ ရာခိုင်နှုန်းနဲ့ လက်ယာစွန်း ဗောက်စ်ပါတီက ၉ ရာခိုင်နှုန်း မဲအသီးသီး ရထားပါတယ်။ 

အရင် စပိန်ရွေးကောက်ပွဲတွေမှာ ကနဦးမဲရလဒ်တွေဟာ နောက်ဆုံးရလဒ်ကို တိတိကျကျ ထင်ဟပ်လေ့တော့ မရှိပါဘူး။ ဘယ်အုပ်စုကမှ သူတို့ချည်း အစိုးရဖွဲ့နိုင်တာမျိုးလည်း မရှိခဲ့ပါဘူး။ 

လွှတ်တော်အတွင်း နိုင်ငံရေး အကျပ်ရိုက်မှုကို ဟန့်တားဖို့ ဒေသန္တရပါတီငယ်လေးတွေနဲ့ မဟာမိတ်ဖွဲ့လေ့ ရှိပါတယ်။

DVB

0 comments:

Post a Comment