ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး ဝင်ရောက်ရာ မိုဇမ်ဘစ်နိုင်ငံမှာ ကာလဝမ်းရောဂါနဲ့ ပြင်းထန်တဲ့ ဝမ်းရောဂါ ဖြစ်ပွားတာတွေ တွေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကာလဝမ်းရောဂါ လူနာ ၁၂၄၈ ဦးနဲ့ ပြင်းထန်တဲ့ဝမ်းရောဂါဖြစ်တဲ့ လူနာ ၂၇၀၀ တွေ့ရှိတယ်လို့ WHO က ပြောကြားပါတယ်။
WHO ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂ ရက်နေ့မှာ ကာလဝမ်းရောဂါ ကာကွယ်ဆေး ၉ သိန်း ရောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
မိုဇမ်ဘစ်နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ပုံမှန်ဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။
နောက်ဆုံးဖြစ်ပွားမှုမှာ လူ ၂၀၀၀ ဝန်းကျင် ကူးစက်ခံရပြီး ၂၀၁၈ ဖေဖော်ဝါရီလမှာ ဖြစ်ပွားမှု ရပ်တန့်ခဲ့တယ်လို့ WHO က ဆိုပါတယ်။
ဒါပေမယ့် ဘေးရာ ဆိပ်ကမ်းမြို့ဟာ လူဦးရေသိပ်သည်းပြီး မုန်တိုင်းကြောင့် ရေနဲ့ သန့်ရှင်းရေး အဆောက်အအုံ ပျက်စီးခဲ့တာမို့ နောက်ထပ် ကပ်ရောဂါဖြစ်ပွားမှု မတားဆီးနိုင်မှာကို စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။
DVB
0 comments:
Post a Comment