တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် (COVID-19)ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၃၀ ရက်နေ့က သရက်ချောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၈)စကခမှ ဒုစကခမှူးဗိုလ်မှူးကြီးအေးမင်းဦး က မြို့နယ်ဆရာဝန် ကြီးနှင့်ဆေးရုံမှသူနာပြုဝန်ထမ်းများအား အားပေးစကားပြောကြားပြီးနောက် သရက်ချောင်း မြို့နယ် ပြည်သူ့ဆေးရုံအတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် Surgical Mask(၂၀၀)ခု၊Hand Gel(၃၀)ဗူး၊Hand Sanitizer(၅၀)ဗူး၊ Goggles (၆၁)ခု၊Examinination Gioves(၃)ဗူးတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကိုယ်စား) အမှတ်(၈)စကခမှ ဒုစကခမှူး ဗိုလ်မှူးကြီးအေးမင်းဦး က လွှဲပြောင်းပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသူရဇော် နှင့်သူနာပြုဆရာမများက လက်ခံရယူပြီးကျေးဇူးတင်စကားပြောပြန်လည်ပြောကြား၍ဂုဏ် ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။အဆိုပါ ဆေးရုံသုံးအထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲတိုက်နယ်ဆေးရုံနှင့်ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ဆက်လက်သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သရက်ချောင်း(ပြန်/ဆက်)
0 comments:
Post a Comment