Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှလည်း အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက် လျက်ရှိသည်။
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် လိုအပ်သည်များ အသုံးပြု နိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများက တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစားခန့်ဝန်ထမ်းများက ၎င်းင်းတို့၏ လစာငွေမှ တစ်ရက်လုပ်ခလစာငွေများကို ဒုတိယအကြိမ်အဖြစ် စေတနာထက်သန်စွာ ထပ်မံထည့်ဝင်လှူဒါန်းကြရာ စုစုပေါင်းငွေကျပ် ၂၁၅၉၅၆၈၇၂၁ (၂ ဒသမ ၁၅၉ ဘီလီယံကျော်) ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အစပြု၍ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများအနေဖြင့် ယခုကဲ့ သို့အလှူငွေများ တတ်အားသရွေ့ထည့်ဝင် လှူဒါန်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဧပြီ လ လစာငွေမှ စုစုပေါင်း ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်ကို ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်းနှင့် ရရှိအလှူငွေများဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နေရာကန့်သတ်စောင့်ကြည့်မှုစနစ်(Quarantine) ဆောင်ရွက်မှု များတွင် စနစ်တကျဖြင့် စီမံခန့်ခွဲအသုံး ပြုလျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်အဆင့် နှင့်အထက်တပ်မတော် အရာရှိကြီးများအနေဖြင့် တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ၆ လဆက်တိုက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
0 comments:
Post a Comment