Monday, May 25, 2020

ထိုင်းနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂ ဦး ရှိပြီး နောက်ထပ်သေဆုံးသူ ၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာ

မေလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ Coronavirus ရောဂါ ထပ်မံကူးစက်ခံရသူ ၂ ဦး ရှိပြီး နောက်ထပ် သေဆုံးသူ ၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် Coronavirus ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလမှစ၍ ရောဂါ ကူးစက်ခံရသူ ၃,၀၄၂ ဦး ရှိပြီး သေဆုံးသူ ၅၇ ဦးရှိကြောင်း COVID-19 ရောဂါ စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Taweesin Wisanuyothin မှ ပြောကြားခဲ့ပါသည်။လူနာများ၏ ၉၆ ရာခိုင်နှုန်းကျော် သို့မဟုတ် ၂,၉၂၈ ဦးမှာ ပြန်လည်ကျန်းမာ လာပြီဖြစ်ကြောင်း Taweesin Wisanuyothin မှ ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ COVID-19 အထူးလုပ်ငန်းအဖွဲ့မှ အစိုးရသည် ကန့်သတ်ချက်များ ထပ်မံလျှော့ချရန်ပြင်ဆင်နေသည့်အတွက် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဇွန်လ ကုန်အထိ ထိန်းချုပ်သွားမည်ဖြစ်ကြောင်းလွန်ခဲ့သော သောကြာနေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

0 comments:

Post a Comment