ဖုန်းအသုံးပြုသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ ငွေဖြတ်တောက်မှုများအတွက် အမျိုးသားလွှတ်တော် ၏ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရေးရာကော်မတီကတစ်ဆင့် တရားစွဲဆိုရန် လုပ်ဆောင်သွားမည်ဟုမန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဦးက ပြောသည်။
အမျိုးသားလွှတ်တော်ရဲ့ ဆက်သွယ်ရေး ကော်မတီနဲ့ ညှိုနှိုင်းပြီးတော့ဒါတရားစွဲဖို့ထိ လုပ်နေတယ်။လိုအပ်ရင် အဲ့ဒီကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းတာမျိုး ဆက်သွယ်ရေး ဥပဒေ တကယ်တမ်းဆက်သွယ်ရေး ဥပဒေအရ ဦးတို့နားလည် တာကတော့ဆက်သွယ်ရေး ဥပဒေ ဒီကွန်ယက်တစ်ခုကို အသုံးပြုပြီးတော့ ပြည်သူကိုလိမ်လည်တယ် လှည့်ဖျားတယ်။ညာယူတယ်ဆိုရင် ဒါကသူခိုးပဲ အဲ့တာ အဒိန္နာဒါနကံမြောက်တယ်။ ဒီလူကိုထောင်ချလို့တောင်ရတယ်။
Source– YomaLan
0 comments:
Post a Comment