Sunday, June 28, 2020

COVID ဒဏ်သင့် မြန်မာနိုင်ငံအတွက် IMF က ဒေါ်လာသန်း ၃၅၀ ကျော် အရေးပေါ်ကူညီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေး အထိနာနေချိန်မှာပဲ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၅၆ ဒသ မ ၅ သန်း အရေးပေါ် အကူအညီ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြု ဆုံးဖြတ်ကြောင်း ဇွန်လ ၂၆ ရက် သောကြာနေ့က သတင်းထုတ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ခရီးသွားလုပ်ငန်း တရှိန်ထိုး ကျဆင်းနေတာ၊ ပြည်ပက ငွေပို့မှုတွေ ရပ် ဆိုင်းကုန်တာနဲ့ ကုန်ပစ္စည်း ထောက်ပို့မှုလမ်းကြောင်း Supply Chain တွေ ပြတ်တောက်ကုန်တာကြောင့် မြန်မာ့စီးပွားရေး အထိနာနေတယ်လို့ IMF အဖွဲ့ရဲ့ ဒုတိယစီမံခန့်ခွဲမှု ဒါရိုက်တာ Mitsuhiro Furusawa က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အခုပေးအပ်တဲ့ ငွေကြေးက COVID-19 ကြောင့် မြန်မာနိုင်ငံ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာငွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
IMF ရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ် နှစ်ခုကနေ ဒီငွေတွေကို ပေးအပ်တာဖြစ်ပြီး IMF က အကူအညီပေးရာမှာ ကြိုတင် စည်းမျဉ်းစည်းကမ်း တခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စကို IMF နဲ့ အချိန်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်စရာမလိုဘဲ ပေးအပ်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အခုလို အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၅ သန်း အရေးပေါ် အကူအညီ ပေးအပ်တာက IMF အမှုဆောင်ဘုတ်အဖွဲ့ အနေနဲ့ အရေးပေါ် ငွေကြေးအကူအညီ တောင်းခံမှုနဲ့ ပတ်သက်တဲ့ ၇၂ ကြိမ်မြောက် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။
ဒီငွေကြေးတွေကို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ အစားအ သောက် ဖြန့်ဖြူးပေးဖို့နဲ့ အကာအကွယ်မဲ့ လိုအပ်နေသူတွေကို ငွေကြေး တိုက်ရိုက်ထောက်ပံ့မှုတွေ ပေးရာမှာ အသုံးပြုနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်သမားတွေကို အကူအညီပေးရာမှာလည်း မြန် မာအစိုးရအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ IMF က ပြောပါတယ်။
တဆက်တည်းမှာပဲ မနေ့ ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တုံ့ပြန်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်တွေကို သက်တမ်းတိုးလိုက်ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ဇွန်လ ၃၀ ရက်နေ့အထိ အမျိုးသားအဆင့် ကော်မတီက ထုတ်ပြန်ထားတဲ့ အများပြည်သူဆိုင်ရာ ပန်ကြားချက်နဲ့ ညွှန်ကြားချက် အမိန့်တွေကို ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုး သတ်မှတ်လိုက်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားကော်မတီက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပ ခရီးသည်တင်လေယာဉ် ဆိုက်ရောက်မှု ပိတ်ပင်တားမြစ်ချက်လည်း ဇူလိုင်လ ၁၅ ရက်နေ့အထိ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။
Ref ; VOA

0 comments:

Post a Comment