Sunday, June 28, 2020

မြို့ပေါ်လျှောက်ထားသောဝန်ထမ်းများအနေဖြင့် မြို့ပေါ်တွင်နေနိုင်သည့်အရည်အချင်းရှိရန်လိုအပ်ကြောင်းချင်းပြည်နယ်NLDဥက္ကဌဦးဇိုဘွဲပြောကြား

ချင်းပြည်နယ်/ပြည်နယ်ပညာရေးမှူးရုံးခန်းမတွင်ကျင်းပသော ဟားခါးမြို့နယ်ပညာရေးမိသားစုတွေ့ဆုံပွဲသို့
ဦးဇိုဘွဲ တက်ရောက်ပြီး ပညာရေးဝန်ထမ်းတဦး၏မေးခွန်းကို ပြန်လည်ဖြေကြားရာတွင်အထက်ပါအတိုင်း
ထည့်သွင်းဖြေကြားသွားကြောင်း အခမ်းအနားတက်ရောက်သူတဦးမှ သတင်းပေးပို့ထားပါသည်။
ပညာရေးဝန်ထမ်းတစ်ဦးမှ မြို့ပေါ်လျှောက်ထားသော ဒေသခံဝန်ထမ်းများကို နေရာ/ရာထူးမပေးပဲ ပြည် နယ်ပြင်ပမှဝင်ရောက်လာသူများကို မြို့ပေါ်တွင်ဦးစားပေးချထားရခြင်းကို မည်သည့်အချက်အလက်ပေါ်တွင်အခြေခံပြီး ချထားပေးသနည်းဟုမေးမြန်းခဲ့ရာတွင် ဦးဇိုဘွေက အဓိကတော့ အရည်အချင်းပေါ့/မြို့ပေါ်မှာ နေထိုင်လိုလျှင်အရည်အချင်းရှိဖို့လိုတယ်။
အရည်အချင်းမရှိပဲ နေရာလိုချင်သူတွေကိုမပေးဘူး။ ပညာရေးဝန်ထမ်းအများစုကစာမဖတ်ကြလို့အရည် အချင်းမရှိကြဘူး။ ထိုက်တန်တဲ့အရည်အချင်းရှိမှ မြို့ပေါ်လျှောက်ထားစေလိုကြောင်း မိမိလည်းပညာရေးဝန်ထမ်းဖြစ်ခဲ့ဖူးသည့်အတွက် ပညာရေးကိုတိုးတက်စေချင်လို့ အရည်အချင်းရှိသူတွေကိုပဲမြို့ပေါ်မှာ ဦး စားပေးချထားဖို့လွှတ်တော်ကတဆင့်မှားထားခဲ့ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။
Ref ; Educational News Updates

0 comments:

Post a Comment